လာမည့် ONE Warrior Series 7 တွင် ပါဝင်ယှဉ်ပြိုင်ရမည့် မြန်မာ ကစားသမား ပုညစိုင်းက ယင်းပွဲတွင် ယခင်ပွဲများ ကဲ့သို့ပင်အနိုင်ရရန်အစွမ်းကုန် ကြိုးစားသွားမည်ဟု ပရိသတ်ကို ကတိကဝတ် ပြုခဲ့သည်။အသက် ၂ဝအရွယ်သာ ရှိသေးသူ ပုညစိုင်းသည် လာမည့် သြဂုတ် ၆ ရက်တွင် စင်ကာပူ၌ ကျင်းပမည့် ONE Warrior Series 7 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်ရမည် ဖြစ်ပြီး ယင်းပွဲသည် ၎င်း၏ စတုတ္တမြောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲလည်း ဖြစ်သည်။
ယင်းပြိုင်ပွဲအတွက် ပုညစိုင်းသည်အင်ဒိုနီးရှားနိုင်ငံရှိ Bali MMAအားကစားရုံတွင်အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက် ရှိနေပြီး ၎င်း၏ ပြင်ဆင်မှုများနှင့် ပတ်သက်၍ ပရိသတ်များကို ပြန်လည် ပြောပြခဲ့သည်။
“ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ကတော့ လေ့ကျင့်ရေးမှာအကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ ကျွန်တော့်ရဲ့အားနည်းချက်တွေ နည်းလာပြီးအားသာချက်တွေ များလာအောင် ကြိုးစားတယ်။အဲဒါ ကျွန်တော့်ရဲ့ ကြိုတင်ပြင်ဆင်မှုပါပဲ။ ပြီးခဲ့တဲ့ ပွဲတွေမှာ ကျွန်တော် သင်ယူခဲ့တဲ့ သင်ခန်းစာကတော့ နပမ်းရော၊ ဂျူဂျစ်ဆုရော၊ မတ်တပ်ရပ် တိုက်ခိုက်တဲ့အပိုင်းမှာပါ နေရာတိုင်းအားကောင်းနေရမယ် ဆိုတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဘယ်လို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျွန်တော်တို့ ကြိုမသိနိုင်ဘူးလေ”ဟု ပုညစိုင်းက ပြောပြခဲ့သည်။
OWS 2 မှ စတင်ပါဝင်လာခဲ့သူ ပုညစိုင်းသည် ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံသား စိုင်းဉာဏ်လင်းကို လည်းကောင်း၊ OWS 3 တွင် နီပေါ နိုင်ငံသား Krishna Lal Tamang ကို လည်းကောင်း၊ OWS 5 တွင် တာဂျစ်ကစ္စတန် နိုင်ငံသား Shafkat Khodzhakulov ကို လည်းကောင်း သုံးပွဲ ဆက်တိုက်အနိုင်ယူထားသူဖြစ်သည်။ ပုညစိုင်းသည် ပထမနှစ်ပွဲစလုံးကို ပထမအချီတွင်ပင်အနိုင်ယူခဲ့ခြင်းဖြစ်ပြီး Tamang နှင့် ပွဲတွင် ပွဲချိန် ၁၄ စက္ကန့်သာ ကြာခဲ့သည်ကိုလည်း တွေ့ရသည်။
Khodzhakulov နှင့် တစ်ပွဲသာ သုံးချီပြည့်အောင် ကစားခဲ့ရပြီးအမှတ်ဖြင့်အနိုင်ရခဲ့သည်။ သို့သော် ပုညစိုင်းသည် လတ်တလောတွင် မည်သည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဆိုသည်ကို မသိသေးကြောင်း ပြောပြခဲ့သည်။ ပုညစိုင်းနှင့် ရင်ဆိုင်ရန် ကနဦးတည်ပေးထားသည့် ကစားသမားမှာ ကမ္ဘောဒီးယားလူငယ် ကစားသမား တစ်ဦး ဖြစ်သော်လည်း လက်ရှိတွင်အဆိုပါ ကစားသမားမှာ ပြိုင်ပွဲမှ နုတ်ထွက်သွားသောကြောင့် နောက်ထပ်တစ်ဦးကို ထပ်မံတွဲပေးရန် စီစဉ်နေကြောင်း သိရသည်။ မည်သည့် ကစားသမားနှင့် ရင်ဆိုင်ရသည် ဖြစ်စေ ယခင်ပွဲများအတိုင်းအနိုင်ရရှိရန်အကောင်းဆုံး ကြိုးစားသွားမည်ဟု ပုညစိုင်းက ဆိုခဲ့သည်။ “ပွဲကို ဘယ်လိုရလဒ် ထွက်မယ်ဆိုတာ ကျွန်တော် ကြိုမပြောနိုင်ပါဘူး။ ဒါပေမယ့် ပွဲတိုင်းမှာအနိုင်ရဖို့ ကျွန်တော်အစွမ်းကုန် ကြိုးစားခဲ့ သလိုပဲအခုပွဲမှာလည်း ကြိုးစားမယ် ဆိုတာကတော့ ပြောရဲပါတယ်” ဟု နယူးဇီလန်တွင် ကြီးပြင်းခဲ့သည့် မွန်လူငယ် ကစားသမားလေး ပုညစိုင်းက ရဲရဲဝင့်ဝင့် ကတိပေးခဲ့သည်။
ယခုပွဲအနိုင်ရရှိပါက ပုညစိုင်းအတွက် ONE Championship နှင့် စာချုပ်ချုပ်ဆိုခွင့်ရရန် ခြေတစ်လှမ်း ပိုမိုနီးစပ် လာမည်ဖြစ်သည်။ ONE Warrior Series ပြိုင်ပွဲများကို ONE ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ Rich Frankin က စီစဉ်ကျင်းပခြင်းဖြစ်ပြီးအာရှတစ်လွှားမှ မျိုးဆက်သစ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည်။ ONE ၏ ကင်းထောက်များသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားရုံများကို စောင့်ကြည့်ကာအလားအလာကောင်းသည့် လူငယ်ကစားသမားများကို ခေါ်ယူ မြေတောင်မြှောက် ပေးနေသည့် ပြိုင်ပွဲလည်း ဖြစ်သည်။
ပုညစိုင်းသည် ငယ်စဉ်က နယူးဇီလန် နိုင်ငံတွင် နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို ထွန်းထွန်းပေါက်ပေါက် ကစားနိုင်ရန် Bali MMA တွင် လာရောက် လေ့ကျင့်နေသူ ဖြစ်သည်။ ၎င်းကို OWS တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဧပြီလက စတင်ပါဝင်စေခဲ့ခြင်းဖြစ်ရာ ယခုဆိုလျှင် တစ်နှစ်ကျော် သက်တမ်း ရှိခဲ့ပြီ ဖြစ်သည်။“ကျွန်တော် Bali MMA မှာ လေ့ကျင့်နေတဲ့အတွက် နေရာတော်တော်များများမှာ တိုးတက်လာသလို ဆက်လက်ပြီးလည်း နေ့စဉ်နေ့တိုင်း တိုးတက်နေဆဲ ပါပဲ။ ကျွန်တော့် ကြိုးဝိုင်းအကူတွေကလည်း ပွဲထဲကို လိုက်ပါပြီး ပြိုင်ဘက်ရဲ့ လွတ်နေ ဟာနေတဲ့ နေရာတွေကို ထောက်ပြလေ့ ရှိတဲ့အတွက်အများကြီးအထောက်အကူ ဖြစ်ပါတယ်” ဟု ပုညစိုင်းက ၎င်း၏အားကစားရုံအကြောင်းကိုလည်း ထည့်သွင်း ပြောပြခဲ့သည်။ ပုညစိုင်းသည် ငယ်စဉ်က နယူးဇီလန် နိုင်ငံတွင် နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို ထွန်းထွန်းပေါက်ပေါက် ကစားနိုင်ရန် Bali MMA တွင် လာရောက် လေ့ကျင့်နေသူ ဖြစ်သည်။ ၎င်းကို OWS တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဧပြီလက စတင်ပါဝင်စေခဲ့ခြင်းဖြစ်ရာ ယခုဆိုလျှင် တစ်နှစ်ကျော် သက်တမ်း ရှိခဲ့ပြီ ဖြစ်သည်။
“ကျွန်တော် Bali MMA မှာ လေ့ကျင့်နေတဲ့အတွက် နေရာတော်တော်များများမှာ တိုးတက်လာသလို ဆက်လက်ပြီးလည်း နေ့စဉ်နေ့တိုင်း တိုးတက်နေဆဲ ပါပဲ။ ကျွန်တော့် ကြိုးဝိုင်းအကူတွေကလည်း ပွဲထဲကို လိုက်ပါပြီး ပြိုင်ဘက်ရဲ့ လွတ်နေ ဟာနေတဲ့ နေရာတွေကို ထောက်ပြလေ့ ရှိတဲ့အတွက်အများကြီးအထောက်အကူ ဖြစ်ပါတယ်” ဟု ပုညစိုင်းက ၎င်း၏အားကစားရုံအကြောင်းကိုလည်း ထည့်သွင်း ပြောပြခဲ့သည်။ Bali MMA တွင် ONE ၏အမျိုးသမီး စတောဝိတ်တန်း ချန်ပီယံ တရုတ် နိုင်ငံသူ Xiong Jing Nan လည်း လာရောက် စခန်းဝင် လေ့ကျင့်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသောအမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားအန်တိုနီယာ လေ့ကျင့်နေသောအားကစားရုံ ဖြစ်သည်။ ယင်းအားကစားရုံတွင် လေ့ကျင့်လျက်ရှိသည့်အခြား ကစားသမားများမှာ ONE Championship မှ နယူးဇီလန် နိုင်ငံသား Ev "ET" Ting, မလေးရှား နိုင်ငံသားများ ဖြစ်ကြသောGianni Subba နှင့် Keanu Subba ညီအစ်ကို၊ Agilan "Alligator" Thani နှင့် Muhammad Aiman,အင်ဒိုနီးရှား နိုင်ငံသားများဖြစ်သည့် Stefer Rahardian နှင့် Mario Satya Wirawan စသူတို့ ဖြစ်ကြသည်။ဆက်လက်ပြီး ပုညစိုင်းက ၎င်း၏ ပရိသတ်များကိုလည်း စကားလက်ဆောင်ပါးခဲ့သည်။
“မြန်မာပြည်က ပရိသတ်ကို ကျွန်တော် ပြောချင်တာကတော့အားလုံးကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်စိတ်တည်း တစ်ဝမ်းတည်းပါပဲ။ ပရိသတ်တွေနဲ့ ကျွန်တော့်ရဲ့ မိသားစုအတွက် ဒီပွဲကိုအနိုင်ရအောင် ကြိုးစား ယှဉ်ပြိုင်သွားပါမယ် ဆိုတာပါပဲ”ဟု ပုညစိုင်းက ပြောကြားခဲ့သည်။
#OneChampionship