ဦးခေါင်းဒဏ်ရာကြောင့် ရုရှားလက်ဝှေ့သမား တစ်ဦး သေဆုံး
mmtimes.com
|
2019-07-25



ဦးခေါင်းဒဏ်ရာကြောင့် ရုရှားလက်ဝှေ့သမား တစ်ဦး သေဆုံး

လိုက်ဝယ်လ်တာဝိတ် ရုရှားလက်ဝှေ့သမားတစ်ဦးဖြစ်သူ ဒါဒါရှက်ဗ်သည် ပြိုင်ပွဲအတွင်းရရှိခဲ့သည့် ဦးခေါင်းဒဏ်ရာကြောင့်အင်္ဂါနေ့က သေဆုံးသွားခဲ့ကြောင်း ရုရှားလက်ဝှေ့အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ဒါဒါရှက်ဗ်သည် ပြီးခဲ့သည့် သောကြာနေ့က မားတီးယပ်စ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် ၁၁ ချီမြောက်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပွဲစဉ်တွင်အနိုင်ရရှိသူသည်အိုဘီအက်ဖ် လိုက်ဝယ်လ်တာဝိတ်ချန်ပီယံ ဂျို့ရှ်တေလာကို စိန်ခေါ်နိုင်မည်ဖြစ်သည်။

ဒါဒါရှက်ဗ် သေဆုံးမှုနှင့် ပတ်သက်၍အကြောင်းရင်းခံကို သေချာစစ်ဆေးသွားမည်ဖြစ်ကြောင်း ရုရှား လက်ဝှေ့အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးအူမာခရင်မ်လက်ဗ်က ပြောကြားခဲ့သည်။

ဒါဒါရှက်ဗ်သည် လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံဟောင်းနှစ်ဦးကိုအနိုင်ရရှိထားသည့် တက်သစ်စ လက်ဝှေ့သမားတစ်ဦးလည်း ဖြစ်သည်။

ထွန်းနေအောင် ဘာသာပြန်သည်။




Some text some message..