လျင်မြန်ပြီးစိတ်ချရသည့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို MPT က မိတ်ဆက်
yoyarlay.com
|
2019-06-18



MPT မှ လက်ရှိ FTTH သုံးစွဲသူများနှင့် သုံးစွဲသူအသစ်များအတွက် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုအသစ်အား စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုမှာ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ယခင်အစီအစဉ်များထက် များစွာ ပိုမိုမြန်ဆန်လှသည့်အပြင်အကောင်းဆုံးသောအတွေ့အကြုံများကို ပေးစွမ်းမည်ဟု သိရပါသည်။




ယခု ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုအသစ်မှာ မြန်မာ ဆက်သွယ်ရေးအော်ပရေတာ MPT ၏ ဖိုင်ဘာအင်တာနက်လိုင်းအသစ်ဖြစ်ပြီး လက်ရှိသုံးစွဲနေသူများနှင့် သုံးစွဲမည့်သူအသစ်များအတွက်အကျိုးအမြတ်ကောင်းများရရှိစေမည်ဖြစ်ကာ လက်ရှိလိုင်းဆွဲအားအမြန်နှုန်း (bandwidth) ပမာဏထက် နှစ်ဆတိုးမြှင့်ထားပြီး လစဉ်နှုုန်းထားမှာမူ ပုံမှန်နှုန်းထားအတိုင်းသာကျသင့်မည်ဖြစ်သည်။ လက်ရှိ MPT FTTH သုံးစွဲသူများမှာ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုတွင်အလိုအလျောက်အဆင့်မြှင့်တင်သွားပြီး တိုးချဲ့လိုက်သည့်လိုင်းဆွဲအားအမြန်နှုန်း (bandwidth) ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုအသစ်အရ ၃၉,၀၀၀ ကျပ်နှုန်းထားဖြင့် လက်ရှိ 10 Mbpsအမြန်နှုန်းဖြင့်သုံးစွဲသူများမှာ ယခုပြောင်းလဲလိုက်သည့် 20 Mbpsအမြန်နှုန်းဖြင့် မူလအတိုင်း ၃၉,၀၀၀ ကျပ်ဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် ၆၉,၀၀၀ ကျပ်ဖြင့် 25 Mbpsအစီအစဉ်အား ဝယ်ယူထားသူ များမှာလည်း ယခုတွင် ပိုမိုမြန်ဆန်သော 50 Mbpsအမြန်နှုန်းဖြင့်အင်တာနက်ကိုအသုံးပြုနိုင်တော့မည်ဖြစ်ပြီး ၁၀၉,၀၀၀ ကျပ်ဖြင့် 50 Mbpsအားအသုံးပြုနေသောသုံးစွဲသူများမှာမူ စူပါအမြန်နှုန်းဖြစ်သည့် 100 Mbpsအားအသုံးပြုနိုင်ပြီဖြစ်သည်။ ယခုလို လိုင်းဆွဲအားအမြန်နှုန်း(Bandwidth) မြှင့်တင်မှုများအတွက် လက်ရှိ သုံးစွဲသူများ၏ လစဉ်ကြေးများမှာမူ မူလနှုန်းထားအတိုင်းသာရှိမည်ဖြစ်ပြီး မည်သည့်အပိုထပ်ဆောင်းစရိတ်မျှ ပေးရန်မလိုဘဲ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။




အသုံးပြုခွင့်အစီအစဉ်သုံးမျိုးလုံးအတွက် မိုဘိုင်းလ်အကျိုးအမြတ်များမှာလည်း မူလအတိုင်းရရှိမည်ဖြစ်ပြီး သုံးစွဲသူများမှာ ယခင်နှုန်းထားဖြင့်အောက်ဖော်ပြပါ နှိုင်းယှဉ်ဇယားအတိုင်း သုံးစွဲနိုင်မည်ဖြစ်သည်။




လက်ရှိတွင် MPT ၏ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံအဝှမ်းရှိမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ တောင်ကြီးနှင့် မော်လမြိုင်တို့ရှိ မြို့နယ်ပေါင်း (၂၇) ခုတွင် ရရှိနေပြီဖြစ်ကာ ယင်းဒေသရှိ မိသားစုများအနေဖြင့် မြန်နှုန်းမြင့်မားကာ ပိုမိုကောင်းမွန်ပြီးအရည်အသွေးမြင့်မားသည့် ခေတ်မီအင်တာနက်ဝန်ဆောင်မှုကို ရရှိနိုင်စေမည်ဖြစ်ပါသည်။ MPTအနေဖြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုကို ယခုလာမည့် ဇူလိုင်လမှစတင်ကာ နောက်ထပ်မြို့နယ် (၃) ခုနှင့်အခြားသောဒေသများသို့ ထပ်မံတိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားကြောင်းသိရပါသည်။

Team (ရိုးရာလေး)




Some text some message..