ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ သူဌေးကြီးတွေရဲ့အတ္ထုပ္ပတ္တိ စာအုပ်တွေဟာအတော်လေး ရောင်းကောင်းတဲ့ ဘက်စ်ဆဲလား စားရင်ဝင်တွေ ဖြစ်တတ်ကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ချမ်းသာသူထက် ဆင်းရဲသူတွေက ပိုများနေလို့ပါ။
ဆင်းရဲသူတွေက ကိုယ်ထက် ချမ်းသာသူတွေရဲ့အားတက်ဖွယ်ရာ ဘဝအကြောင်းတွေ၊အရင်က သူလိုကိုယ်လို ရုန်းကန်ခဲ့ရတာတွေ၊ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေကိုအားကျ စိတ်ဝင်စားကြပြီး၊ ငါတို့လည်း တစ်နေ့ သူလို့ ချမ်းသာရင်ကောင်းမှာလို့ စိတ်ကူးယဉ်ကြပါတယ်။
လူတိုင်း လူချမ်းသာဖြစ်ချင်ကြပေမယ့်၊ ဘာလို့ မချမ်းသာသေးတာလဲဆိုတာကအဖြေအများကြီး ရှာစရာမလိုပါဘူး။အဓိကကတော့ လုပ်ပုံလုပ်နည်းမမှန်တာရယ်၊ ကိုယ့်လုပ်မိနေတာက တကယ် ချမ်းသာနိုင်တဲ့အကြောင်းတရာမဟုတ်တာရယ်၊ ချမ်းသာဖို့အကျိူးတရားက ကြာနေတာရယ်ကြောင့်ပါ။
![]()
Google
လူတစ်ယောက် ချမ်းသာဖို့အချိန်က ငါးနှစ်လောက်ပဲ လိုပါတယ်။ လုပ်ပုံလုပ်နည်း၊ ရွေးချယ်တဲ့ လမ်းကြောင်းတော့ မှန်ရမယ်ပေါ့။ ဒီတိုင်းအခြောက်တိုက်ကြီး ကောက်ချမ်းသာတာမျိုးတော့ မဟုတ်ဖူးပေါ့။ Amazon သူဌေးကြီး Jeff Bezos ဟာ ရွေးချယ်လိုက်တဲ့ လမ်းကြောင်း မှန်သွားတော့ (၅)နှစ်အတွင်းမှာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်လာတယ်။
ဒီမှာ ထူးခြားတာက သူက နည်းပညာကိုအားကိုးပြုပြီး လုပ်ငန်းလမ်းကြောင်းရှာခဲ့တာပါ။ ကမ္ဘာကျော်သူဌေးကြီး Warren Buffett ကလည်းအားလုံးသိကြတဲ့ လူချမ်းသာကြီးတစ်ယောက်ပါဘဲ။ ဒါပေမယ့် သူကတော့ ချမ်းသာဖို့ ဆယ်စုနှစ်များစွာ ရင်းနီးခဲ့ရပါတယ်။ Jeff က (၅)နှစ်လောက်ပဲနော်။
ဒီမှာ ကွာခြားချက်က ဘာသွားတွေ့လဲဆိုရင် Warren ရဲ့လမ်းကြောင်းအတိုင်း ရွေးချယ်မယ်ဆိုရင် သင့်ရဲ့ ချမ်းသာကြွယ်ဝမှုဟာအခုအသက်(၄၀)ဆိုရင်အသက် (၆၀)လောက်မှ ဖြစ်လာနိုင်တဲ့သဘော။ သူက ရိုးရိုးတန်းတန်း စီးပွားရေးတွေ၊ ရင်းနီးမြှုပ်နှံမှုတွေ လုပ်တာလေ။
![]()
Google
Jeff ကတော့ နည်းပညာနဲ့ တစ်ရှိန်ထိုးအောင်မြင်ခဲ့တာ။ သူ့လို နည်းပညာကိုအားကိုးပြီး လုပ်ငန်းလုပ်မယ်ဆိုရင်တော့အောင်မြင်သွားရင် ခင်ဗျားအခုအသက်(၄၀)ဆို .. (၄၅)နှစ်အရွယ်ကောင်းတုန်းမှာ ကမ္ဘာကျော်သူဌေးကြီး ဖြစ်နေနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ဘီလီယံနဲ့ချီပြီး ချမ်းသာနေတဲ့ လူပေါင်း (၂၁၅၃)ဦး ရှိရာ၊ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ (၇၄၃)ဘီလီယံရှိပါတယ်တဲ့။ ကမ္ဘာ့အချမ်းသာဆုံး (၁၅)ဦးစာရင်းထဲမှာတော့ နည်းပညာကြောင့်ချမ်းသာသူက (၈)ယောက်အထိ ပါဝင်နေတာကို သတိထားမိမှာပါ။
ကျန်တဲ့ (၇)ယောက်ကတော့ သူလိုကိုယ်လို စီးပွားရေးတွေ ကုမ္ပဏီတွေကြောင့် ချမ်းသာလာကြသူတွေပါ။ နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ သာမန်စီးပွားရေးလုပ်ငန်းတွေထက်၊ နည်းပညာနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေဟာ ချမ်းသာတဲ့အရှိန်မြန်တယ်လို့ ဆိုရမှာပါ။ ဒီတော့ ရွေးချယ်စရာတွေအနက် ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းမှန်ရင် ချမ်းသာတာမြန်မယ်လို့သာ သဘောပေါက်ကြစေကြောင်း …။
လင်းသူရိန် (Shwemom)
Ref : Bloomberg , Times , CNBC