အလုပ်ခွင် စိတ်ပိုင်းနှိပ်စက်ခံရသူများ သတ်သေနှုန်းပိုများ
healthcare.com.mm
|
2019-04-23


အလုပ်ခွင်ထဲမှာ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့် နှိပ်စက်ခြင်းများနဲ့ ကြုံရသူများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ခြေ ပိုများကြောင်း နော်ဝေလေ့လာမှု စစ်တမ်းတစ်ရပ်က ဖော်ပြသည်။နော်ဝေနိုင်ငံသား (၁၈၅ဝ) ဦးကို ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်ကြား စောင့်ကြည့် စစ်တမ်းပြုစုထားခြင်း ရလဒ်ဖြစ်သည်။အလုပ်ခွင်အခြေအနေနှင့် စိတ်ကျန်းမာရေး ဆက်စပ်ချက်ကို ပေါ်လွင်စေမည့် မေးခွန်းပုံစံများဖြင့် ၂ဝဝ၅ ၊ ၂ဝဝ၇ ၊ ၂ဝ၁ဝ တို့တွင် သုံးကြိမ်စစ်တမ်းကောက်သည်။ ထိုကာလအတွင်း သတ်သေချင်စိတ် ဖြစ်သည်ဟုဖြေသူက စစ်တမ်းပါဝင်သူများ၏ ငါးရာခိုင်နှုန်း ရှိသည်။ သတ်သေချင်စိတ်ဖြစ်သည်ဟု ဖြေသူများထဲတွင်အလုပ်ခွင် စိတ်ပိုင်းနှိပ်စက်ခံရသူက နှစ်ဆ ပိုများနေကြောင်း တွေ့ခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်နှိပ်စက်ခြင်းများ တာရှည်ခံရသည့်အခါ ဦးနှောက်သည် စိတ်ဖိစီး ဟိုမုန်းများဖြင့် လွှမ်းသွားရကြောင်း၊ ထိုသို့ လွှမ်းသွားသည့်အခါ ဦးနှောက်သည် နည်းလမ်းကျကျ တွေးခေါ်နိုင်စွမ်း လျော့နည်းကာ မိမိကိုယ်ကိုယ် သတ်သေခြင်း နည်းဖြင့် ထွက်ပေါက်ရှာသည့်ဘက်သို့ လူကို ပိုရောက်စေကြောင်း လေ့လာမှု စစ်တမ်းက ဖော်ပြသည်။လေ့လာမှုစစ်တမ်းကို နော်ဝေနိုင်ငံအလုပ်ခွင် ကျန်းမာရေး သိပ္ပံမှ မော်တန် ဘာ့ခ်လန်း နီလ်ဆင်နှင့်အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် သတ်သေသူ ရှစ်သိန်းနီးပါး ရှိနေရာ သတ်သေမှုသည်ကမ္ဘာ့လူသားများကို သေဆုံး စသည့်အဓိက ပြဿနာ ဖြစ်လာကြောင်း နီလ်ဆင်က ပြောသည်။ လေ့လာမှု စစ်တမ်းကို American Journal of Plublic Health ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ Ref; ကျန်းမာရေး, ဗဟုသုတ, မှု့ခင်း,အတွေးအမြင် ဖိုးသူတော်  Credit:Messenger သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..