ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကမ္ဘာ့အန္တရာယ်အများဆုံးကျွန်း
shwemom.com
|
2019-05-14

မြောက်ပိုင်းဆန်တီနယ်ကျွန်းဟာ ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိပြီး မြန်မာနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကြားမှာ တည် ရှိပါတယ်။ ပြင်ပလူတွေနဲ့ လုံးဝအထိအတွေ့အဆက်အဆံမလုပ်တဲ့ သီးခြားလူမျိုးစု ဆန်တီနယ်လိစ်လူမျိုး တို့ နေ ထိုင်ရာအရပ်ဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံး လူမျိုးစုတစ်စုဖြစ်ပါတယ်။၎င်းကျွန်းဟာအိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ဖြစ်ေ ပမယ့်အိန္ဒိယနိုင်ငံရဲ့ဥပဒေနဲ့အုပ်ချုပ်လို့မရပါဘူး။ ကျွန်းနားရောက်လာသူမှန်သမျှကိုလည်း ဒေသခံလူမျိုးစုက သတ် ပစ်ေ လ့ရှိတဲ့အတွက် နှစ်ပေါင်းများစွာတိုင် ဘယ်သူမှ သွားရောက်ပိုင်စိုးအုပ်ချုပ်လို့ မရတဲ့နေရာ ဖြစ်နေတာပါ။ ကျွန်းပေါ်မှာ နှစ်ပေါင်း (၆)သောင်းကြာ နေထိုင်လာတယ်လို့ယူဆရတဲ့ ဆန်တီနယ်လိစ်လူမျိုးစုဟာ သူတို့ကျွန်းကို လုံးဝတားမြစ် ထားတဲ့အတွက်အိန္ဒိယအစိုးရကလည်း ၎င်းကျွန်းအနားကို (၃)မိုင်အနီးထပ် ပိုမသွားဖို့အမိန့်ထုတ်ထားရပါတယ်။


Google

လူဦးရေ (၅၀)မှ (၄၀၀)အထိရှိနိုင်မယ့်လို့ ခန့်မှန်းရတဲ့ ဆန်တီလိစ်တွေဟာ စိုက်ပျိုးရေးမလုပ်ဘဲအုန်းသီးခူးစားခြင်း၊ ငါးဖမ်းစားခြင်းတို့နဲ့သာအဓိကရှင်သန်နေကြကြောင်း ခန့်မှန်းရပါတယ်။ ကျွန်းအပေါ်ဘက်ကနေ ထော က်လှမ်းဖို့က လည်း တောထူထပ်လွန်းတဲ့အတွက် မဖြစ်နိုင်သေးပါဘူး။ (၁၈၉၆)ခုနှစ်တုန်းက လွတ်မြောက်သွားတဲ့ ထောင်သား တစ်ယောက်ဟာ ၎င်းကျွန်းပေါ်ရောက်သွားပြီးနောက် ရက်အနည်းငယ်အကြာမှာ မြားဒဏ်ရာ၊ လည်လှီးဒဏ်ရာတို့နဲ့ သေဆုံးနေခဲ့ပါတယ်။


Atlas and Boots

(၁၉၈၁)ခုနှစ်မှာ Primrose ဆိုတဲ့ သင်္ဘောက မြောက်ပိုင်းဆန်တီနယ်ကျွန်းနားကို ရောက်သွားခဲ့ရာ မြား၊ လှံလက်န က်တွေနဲ့ စောင့်နေတဲ့ ကျွန်းသားတွေကို တွေ့ခဲ့ရပြီး ဆက်တော့မသွားတဲ့အတွက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ ဆယ်တီနယ်ကျွန်းသားတွေ ဟာ ပြင်ပကမ ္ဘာနဲ့အဆက်အသွယ်မရှိတဲ့ သီးသန့်လူမျိုးစုဖြစ်တာကြောင့် ဝက်သက်တို့ တုပ်ကွေးတို့လို ရောဂါတွေကို လုံးဝခုခံနိုင်မှာ မဟုတ်ဘဲအထိခိုက်အပျက်သုဉ်းလွယ်ဆုံး လူမျိုးလည်းဖြစ်ကြောင်း သိရပါတယ်။


Doc Facts

အကြမ်းဖက်သတ်ဖြတ်မှုဟာ မကောင်းတဲ့အရာဖြစ်ပေမယ့်လည်းအဲဒီ့အရာကပဲ ဆယ်တီနယ်လိစ်လူမျိုးတွေကို ဘယ် သူ့အုပ်ချုပ်ကျူးလွန်မှုမှ မခံရစေအောင် လုပ်ပေးထားတာပါ။ သူတို့ကို ကိုယ်ပိုင်အာဏာအရှိဆုံး လူမျိုးစုတစ်စုအဖြစ်အမှတ်ရနေကြမှာ ဖြစ်ပါတယ်။


White (Shwemom)

Ref: Fb News Post




Some text some message..