ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ထိပ်တန်းတီထွင်မှု ၁၀ခု
myanmarload.com
|
2019-06-12
ကမ္ဘာကြီးကအလိုလိုနေရင်းနဲ့တော့ ခေတ်မှီဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ လူသားတွေရဲ့ တီထွင်မှုကြောင့် ကမ္ဘာကြီးရော လူသားတွေပါ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။ ခုဆိုရင်ဘယ်တီထွင်မှုတွေက ကမ္ဘာကြီးနဲ့ လူသားတွေကို ကောင်းကျိုးတွေပေးခဲ့လဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအရာကတော့ ဘီးတွေဖြစ်ပါတယ်.....ဘီးတွေမပေါ်ထွက်ချိန် ၃၅၀၀ဘီစီလောက်တုန်းက လူသားတွေဟာ ပစ္စည်းတွေနေရာရွှေ့တာ တော်တော်လေးကို ခတ်ခဲခဲ့ပြီးအချိန်ကုန်သက်သာ လူလဲသက်သာစေမဲ့အတွေးတွေနဲ့ ဘီးကိုတီထွင်ခဲ့ပါတယ်။ ခုချိန်မှာလဲ ဘီးကိုတီထွင်ခဲ့လို ကားတွေဆိုင်ကယ်တွေစသဖြင့် တီထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သံပဲဖြစ်ပါတယ်။
သံတွေသာမရှိရင် ကိုယ်ဆောက်ထားတဲ့အရာတွေက ပြိုလဲကုန်မှာဖြစ်ပါတယ်။ သံတွေကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်တုန်းက ရောမတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တတိယတစ်ခုကတော့ သံလမ်းအိမ်မြောက်ပဲဖြစ်ပါတယ်....အဲ့အရာကြောင့် လူတွေအရပ်မျက်နှာကို လွယ်ကူစွာ သိရှိလာကာ တရုတ်တွေက ၉ရာစု နဲ့ ၁၁ရာစုမှာ စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပုံနှိပ်စက်ပဲဖြစ်ကာ ၁၄၄၀ ခုနှစ်က ဂျာမန်တွေ ဖန်တီခဲ့တာဖြစ်ပါတယ်။ သူမတိုင်ခင်မှာလဲ တရုတ် နဲ့ ကိုရီယားက ပညာရှင်တွေက တီထွင်ခဲ့ကြပါသေးတယ်။ ၅ခုမြောက်တီထွင်မှုကအင်ဂျင်ပဲဖြစ်ကာအင်ဂျင်တွေ ဘယ်လိုအလုပ်လုပ်လဲ ပရိသတ်ကြီးသိမှာပါ။
နောက်တစ်ခုက တယ်လီဖုန်းပဲဖြစ်ကာ တယ်လီဖုန်းရဲ့ကောင်းကျိုးတွေကို ပရိသတ်ကြီး ကောင်းကောင်းသိမှာပါ။ တယ်လီဖုန်းကို တီထွင်ခဲ့သူကတော့ Graham Bell ပဲဖြစ်ကာ ၁၈၇၆ခုနှစ်က ဖုန်းကို ပထမဆုံးတီထွင်သူဆုကို ရရှိခဲ့ကာ ၁၉၂၂ သြဂုတ် ၂ရက်နေ့သူသေဆုံးချိန်မှာတော့ တယ်လီဖုန်းလိုင်းတွေကို မိနစ်အနည်းငယ်ပိတ်ခဲ့ကာ ဂုဏ်ပြုခဲ့ပါတယ်။ မီးသီးကတော့ ကမ္ဘာကြီးကို မမှောင်စေအောင်ပြုလုပ်ပေးတဲ့အရာမို့ တော်တော်လေးကိုအကျိုးပြုခဲ့ပါတယ်။ ၁၈၇၉ခုနှစ်က Thomas Edison ကမီးသီးကို ပြီးပြည့်စုံအောင်အရင်ဆုံးတီထွင်ခဲ့ပေမဲ့ သူ့အရှေ့မှာ ၁၈၀၀ လောက်တုန်းက လူနှစ်ယေယာက်က တီထွင်ခဲံရာမအောင်မြင်ခဲ့ပါဘူး။ Penicillin ဆေးဟာဆိုရင် ကမ္ဘာသမိုင်းမှာ ထင်ပေါ်အကျော်ကြားဆုံးတွေ့ရှိမှုတစ်ခုပဲဖြစ်ပါတယ်။
၁၉၂၈ခုနှစ် စကော့တလန် သိပ္ပံပညာရှင်ဖြစ်တဲ့ Alexander Fleming ကအဲ့ဆေးကို ရှာဖွေတွေ့ရှိခဲ့ကာ လူသားတွေကို တော်တော်လေးအကျိုးပေးတဲ့ ဆေးပဲဖြစ်ပါတယ်။ သန္ဓေတားကိရိယာ သန္ဓေတားဆေးဟာဆိုရင်လဲ ကမ္ဘာကြီးအတွက် လူဦးရေတိုးမှုကိုလျော့ချပေးပါတယ်။ သူလဲ condom နဲ့သိပ်မကွာပါဘူး....နှစ်ခုစလုံးကတော့ တားဆီးပေးကြတာပါပဲ...Condomတွေကို ၁၈ရာစုက စတင်အသုံးပြုလာကြတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့အင်တာနက်ပဲဖြစ်ကာ ကမ္ဘာကြီးအတွက် လုံးဝကို ခေတ်မှီဖွံ့ဖြိုးတိုးတက်စေခဲ့တဲ့အရာပဲဖြစ်ပါတယ်။ များစွာသော လူတွေကအင်တာနက်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးခဲ့ကြပေမဲ့အဓိကသူကတော့ ကွန်ပျူတာ ပညာရှင် Lawrence Roberts ပဲဖြစ်ပါတယ်။ ခုဖော်ပြသွားတဲ့အရာတွေကတော့ ကမ္ဘာကြီးကို တိုးတက်ပြောင်းလဲစေခဲ့တဲ့ ထိပ်တန်း တီထွင်မှု ၁၀ခုပဲဖြစ်ပါတယ်။
#တီထွင်မှု
#တယ်လီဖုန်း
#ဘီး
#လူသား
#အရာ
ဆောင်းပါးများ
Some text some message..