အပုမျိုးဝင် Corgi ခွေးပု လေးတွေအကြောင်း စိတ်ဝင်စားဖွယ်အချက်များ
shwemom.com
|
2019-06-20

ခွေးအမျိုးအစားပေါင်းများစွာရှိတဲ့အထဲမှ ကော်ဂီ ခွေးပုလေးတွေဟာ ချစ်စရာကောင်းပြီး ပါးရည်နပ်ရည်ရှိတဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။ ကော်ဂီလေးတွေကအရွယ်ငယ်ပေမယ့် သူတို့မှာ ထူးခြားတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားကြပါတယ်။ စာဖတ်သူလည်း ကော်ဂီလေးတွေကို ချစ်တယ်ဆိုရင်တော့ သူတို့မှာ ဘာများစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေ ရှိမလဲဆိုတာ theodysseyonline ကနေအတူလေ့လာကြည့်ရအောင်နော်။

ဒဏ္ဍာရီအရဆိုရင်တော့ ကော်ဂီတွေဟာ နတ်သမီးပုံပြင်တွေထဲက လာတယ်လို့ ဆိုပါတယ်။ ကော်ဂီဆိုဟာ ခွေးပုလို့အဓိပ္ပါယ်ရပါတယ်။ Welsh ဘာသာစကားအရဆိုရင် Cor ဟာအပုမျိုးကို ဆိုလိုတာဖြစ်ပြီး gi ကတော့ ခွေးလို့အဓိပ္ပါယ်ရပါတယ်။ ကော်ဂီတွေဟာ ဟက်စကီခွေးမျိုးတွေနဲ့ မျိုးရိုးတူပါတယ်။ ဟက်စကီတွေနဲ့အရွယ်အစားတော့ မတူပေမယ့် စိတ်နေစိတ်ထားခြင်း တူတယ်လို့ သိရပါတယ်။ ကော်ဂီတွေဟာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှုရှိတာရယ်၊ ဟောင်သံကျယ်တာရယ်ကြောင့် တာဝန်ကျေပြွန်တဲ့ ညစောင့်ကြီးတွေလည်း ဖြစ်ပါတယ်။


Shutterstock/Paul’s Lady

ကော်ဂီတစ်ကောင်ကို ခိုးတာမိရင်အင်္ဂလန်မှာ ငွေဒဏ်တပ်ခံရနိုင်ပါတယ်။ ရှေးဟောင်း Welsh ဥပဒေအရ ကော်ဂီလေးတစ်ကောင်ကို ခိုးတာနဲ့ ပြင်းထန်တဲ့အပြစ်ဒဏ်တွေ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဂီတွေဟာ ဉာဏ်ပြေးတဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။ ဉာဏ်ကောင်းတဲ့ ခွေးအမျိုးအစားထဲမှာ ကော်ဂီတွေဟာ နံပတ်(၁၁) ချိတ်ပါတယ်။ သူတို့ကို ပထမဆုံးအကြိမ်အနေနဲ့ တစ်စုံတစ်ခုသင်ပေးတဲ့အခါ (၈၅) ရာခိုင်နှုန်းလောက်ကို နားလည်နိုင်ပြီးအမိန့်တွေကို (၅) ကြိမ်သင်ပေးတာနဲ့ မှတ်မိတယ်လို့ သိရပါတယ်။

ကော်ဂီတွေဟာ ဗြိတိသျှတော်ဝင်မိသားစုတွေနဲ့အတူ ရှိလာတာ နှစ်ပေါင်း(၇၀) ကျော်နေပါပြီ။ ဘုရင်မကြီးအဲလစ်ဇဘက်(၂) ဟာဆိုရင် သူမငယ်စဉ်ကလေးဘဝကတည်းက ကော်ဂီအကောင်(၃၀) ကျော်ကို မွေးထားခဲ့တာပါ။ ကော်ဂီလေးတွေကအရပ်ပုပေမယ့်အရမ်းဆော့သလိုအပြေးလည်းသန်တဲ့ကောင်လေးတွေပါ။


Shutterstock/ photoDiod

ကော်ဂီခွေးမျိုးစိတ်ထဲမှာလည်းအမျိုးအစား(၂) မျိုးရှိပါတယ်။ Pembroke Welsh နဲ့ Cardigan Welsh ဆိုပြီးတော့ပါ။ Pembroke Welsh ကော်ဂီတွေကတော့ ခြေထောက်ပိုဖြောင့်တဲ့အပြင် နားရွက်ချွန်ပါတယ်။ ကော်ဂီလေးတွေအတွက် သီးသန့်တွေ့ဆုံပွဲကြီးကိုအမေရိကန်ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ (၂၀၁၂) ခုနှစ်ကစတင်ပြီး ပြုလုပ်ခဲ့ပါတယ်။ ပွဲစစချင်းလုပ်တုန်းကတော့ ကော်ဂီလေး (၁၂) ကောင်ပဲ တက်ခဲ့ရာကနေအခုဆိုအကောင်(၆၀၀) ကျော်ထိ ပွဲတက်လာတာတွေ ရှိနေပါပြီ။အချို့ပိုင်ရှင်တွေဆိုရင် သူတို့ကော်ဂီလေးတွေကို ငါးမန်းပုံစံ စသဖြင့်အင်္ကျ ီလေးတွေဝတ်ဆင်ပေးပြီးအကျအန ပွဲတက်လာကြတယ်လို့လည်း သိရပါတယ်။

လင်းလင်း




Some text some message..