လုံခြုံရေးကင်မရာကနေ ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ်ရာ ဗီဒီယိုဖိုင်ထဲမှာ နေ့ကလေးထိန်းဆရာမရဲ့ ဆွဲလွှင့်ပစ်ခံခဲ့ရပြီးနောက် ကလေးငယ်ရဲ့ ခေါင်းပေါက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့က မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ္စကောင်တီမှာရှိတဲ့ Brighter Day နေ့ကလေးထိန်းကျောင်းမှာအမျိုးသမီးတစ်ဦးရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် ၇ ချက်ချုပ်ခဲ့ရပါတယ်။
လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ထဲမှာ နေ့ကလေးထိန်းကျောင်းက ဝန်ထမ်းအမျိုးသမီးက လက်မောင်းကနေ ဆွဲပြီး လွှင့်ပစ်ခြင်းမခံရမီမှာ ကလေးငယ်ဟာ သူ့ရဲ့ခုံမှာအေးအေးဆေးဆေးထိုင်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။
ယင်းဖြစ်ရပ်ပြီးနောက်အမည်မသိဝန်ထမ်းတစ်ဦးဟာ ကလေးငယ်ရဲ့မိဘတွေဆီ စာပို့ခဲ့ပြီး ကလေးငယ်ဟာအလွန်အမင်းဆော့လို့ လဲကျခဲ့တာလို့အပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။
Brighter Day နေ့ကလေးထိန်းကျောင်းရဲ့ဒါရိုက်တာဟာ ယင်းဖြစ်ရပ်ဖြစ်ပွားပြီး ၅ ရက်ကြာတဲ့အထိ လုံခြုံရေးကင်မရာကနေ ပြန်လည်စစ်ဆေးခဲ့ခြင်းမရှိဘဲ ကလေးငယ်ရဲ့မိဘတွေက ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့တဲ့ သမီးဖြစ်သူ ဘယ်လိုဒဏ်ရာရခဲ့လဲဆိုတာ ပြန်လည်ကြည့်ရှုဖို့အတွက် ဆက်သွယ်မှသာ ပြန်လည်စစ်ဆေးခဲ့တာလို့ သိရပါတယ်။
ကလေးငယ်ကို တိုက်ခိုက်ခဲ့တဲ့ဆရာမဟာ ယင်းဖြစ်ရပ်ဖြစ်ပွားပြီးကတည်းကအလုပ်ထုတ်ခံခဲ့ရတယ်လို့ သိရပြီး ရဲတပ်ဖွဲ့နဲ့ ဒေသခံပညာရေးအာဏာပိုင်တွေဟာ တိုက်ခိုက်ခဲ့သူအမျိုးသမီးနဲ့ ၎င်းရဲ့အလုပ်ရှင်တို့ကို စုံစစ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။