MPT Ring Tune

MPT Ring Tune ဝန်ဆောင်မှု ဆိုတာဘာလဲ။


MPT Ring Tune ဝန်ဆောင်မှု ဆိုသည်မှာ မိမိထံ ဖုန်းခေါ်ဆိုသူများအား သီချင်းများ နားဆင် နိုင်စေမည့် ဝန်ဆောင်မှု ဖြစ်ပါသည်။


ဝန်ဆောင်မှုကို ရယူရန် ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ။


လစဉ်ဝန်ဆောင်မှု နှင့် နေ့စဉ် ဝန်ဆောင်မှု ဟူ၍ ၂ မျိုး ရှိပါသည်။ ကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ် ရယူနိုင်ပါသည်။


လစဉ်ဝန်ဆောင်မှု ရယူလိုပါက REG M ဟုရိုက်၍ 7979 သို့ SMS ပေးပို့ပါ။ တစ်လလျှင် ၁၀၅၀ ကျပ် (အခွန်အပါအဝင်) ကျသင့်မှာ ဖြစ်ပါတယ်။


နေ့စဉ်ဝန်ဆောင်မှု ရယူလိုပါက REG D ဟုရိုက်၍ 7979 သို့SMS ပေးပို့ပါ။ တစ်ရက်လျှင် ၄၇ ကျပ် (အခွန်အပါအဝင်) ကျသင့်မှာ ဖြစ်ပါတယ်။


သီချင်းကို ဘယ်လို ရွေးချယ် ဝယ်ယူရမလဲ။


လိုတရ Portal မှာ ကြိုက်နှစ်သက်ရာ သီချင်းကို အခမဲ့ ရှာဖွေပြီး အစမ်းနားထောင် ဝယ်ယူနိုင်ပါတယ်။


Top ဟုရိုက်၍ 7979 သို့SMS ပေးပို့ပြီး လူကြိုက်များသော သီချင်းစာရင်းကို ရယူနိုင်ပါတယ်။ သီချင်းကုတ်နံပါတ် သိရှိပါက BUY <သီချင်းကုတ်နံပါတ်> ရိုက်ပြီး 7979 သို့ပေးပို့ဝယ်ယူနိုင်ပါတယ်။


သီချင်းတစ်ပုဒ်ကို တစ်လလျှင် ၃၁၅ ကျပ် (အခွန်အပါအဝင်) ကျသင့်မှာ ဖြစ်ပါတယ်။



အောက်ပါ Keywords များကို 7979 သို့ပေးပို့အသုံးပြုနိုင်ပါသည်။


7979 သို့ပေးပို့ရန် Keywords
လစဉ်ဝန်ဆောင်မှုရယူရန် Reg M
နေ့စဉ်ဝန်ဆောင်မှုရယူရန် Reg D
သီချင်းအသစ်ဝယ်ရန် buy <song code>
ဝန်ဆောင်မှုပယ်ဖျက်ရန် UNR
နာမည်ကြီး ထိပ်တန်းသီချင်းစာရင်း top
နောက်ဆုံးပေါ် သီချင်းစာရင်း latest
ဝယ်ယူထားသော သီချင်းများကို ကြည့်ရန် mylib
ဝန်ဆောင်မှုရပ်ဆိုင်းရန် UNR
သီချင်းကို ဖျက်ရန် delete <song code>
MPT Ring Tune ကို သင်ရဲ့ Default အဖြစ်ထားရန် def <song code>
Default ထားပြီး အလှည့်ကျ ပြန်ထားရန် Random
ပေးပို့ရမည်စာသားသိရှိရန် help
မြန်မာဘာသာသို့ပြောင်းရန် Lan mya
အင်္ဂလိပ်ဘာသာသို့ပြောင်းရန် Lan eng

အသေးစိတ်သိရှိလိုပါက ဘယ်လို လုပ်ရမလဲ။


အသေးစိတ်သိရှိလိုပါက ၁၀၆ ကို ဖုန်းခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။



ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..