CRBT Two Key Copy

CRBT Two Key Copy


1. CRBT Two Key Copy ဆိုတာဘာလဲ။
CRBT Two key copy ဆိုသည်မှာ MPT အသုံးပြုသူအနေဖြင့် CRBT ဝန်ဆောင်မှုရယူထားသော မိတ်ဆွေထံသို့ဖုန်းခေါ်ဆိုနေစဉ် သီချင်းသံ ကြားနေစဉ်အတွင်း ဝန်ဆောင်မှုရယူခြင်း သီချင်းဝယ်ယူခြင်းများကို *7 ခလုတ်နှိပ်ရုံဖြင့် လွယ်ကူစွာ ပြုုလုပ်နိုင်စေမယ့် function တစ်ခုဖြစ်ပါတယ်။

2. CRBT user မဟုတ်သူက ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ *7 ကိုနှိပ်လိုက်ပါက ဘယ်လိုဖြစ်မှာလဲ။
CRBT user မဟုတ်သူက CRBT user ကို ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ စတား *7 ကိုနှိပ်လိုက်ပါက လစဉ် ဝန်ဆောင်ခ ၁၀၅၀ ကျပ်နှင့် သီချင်းဝန်ဆောင်ခ တစ်လစာ ၃၁၅ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ထို့နောက် ဝန်ဆောင်မှု ရယူခြင်း နှင့် သီချင်း ဝယ်ယူမှု အောင်မြင်ကြောင်း မက်ဆေ့ချ် နှစ်ဆောင် ရရှိမှာဖြစ်ပါတယ်။

3. CRBT user က ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ *7 ကိုနှိပ်လိုက်ပါက ဘယ်လိုဖြစ်မှာလဲ။
CRBT user က CRBT user ကို ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ *7 ကိုနှိပ်လိုက်ပါက သီချင်းဝန်ဆောင်ခ တစ်လစာ ၃၁၅ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ထို့နောက် သီချင်း ဝယ်ယူမှု အောင်မြင်ကြောင်း မက်ဆေ့ချ် ရရှိမှာဖြစ်ပါတယ်။

4. အသုံးပြုသူမှာ ဝန်ဆောင်မှု နှင့် သီချင်းအတွက် လက်ကျန်ငွေ အလုံအလောက်မရှိပါက ဘယ်လို ဖြစ်မလဲ။
ဝန်ဆောင်မှု နှင့် သီချင်းဝယ်ယူမှု မအောင်မြင်နိုင်ပါ။ မအောင်မြင်ကြောင်း အကြောင်းကြားသည့် မက်ဆေ့ချ်နှစ်စောင်ကို သီးခြားစီ ရရှိမှာပါ။

5. အသုံးပြုသူမှာ ဝန်ဆောင်မှု အတွက် ဖုန်းငွေ လုံလောက်ပြီး သီချင်းအတွက် မလုံလောက်ပါက ဘယ်လို ဖြစ်မလဲ။
ဝန်ဆောင်မှုကို အောင်မြင်စွာ ရယူနိုင်မည်ဖြစ်ပြီး သီချင်း ဝယ်ယူမှု မအောင်မြင်နိုင်ပါ။ ဝန်ဆောင်မှု ရယူခြင်း အောင်မြင်ကြောင်း မက်ဆေ့ချ်နှင့် သီချင်း ဝယ်ယူမှု မအောင်မြင်ကြောင်း မက်ဆေ့ချ်ကို သီခြားစီ ရရှိမှာပါ။

6. သီချင်းသံမကြားခင် CRBT Two Key Copy ကြေငြာချက် IVR announcement ကို ကြားရမှာလား
မကြားရပါ။ သီချင်းသံမကြားခင် CRBT Two Key Copy ကြေငြာချက် IVR announcement ကို ကြားရမှာမဟုတ်ပါ။


ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..