ရှေးဦးပြုစုခြင်းနည်းလမ်းများ

 လျှပ်စစ်ဓာတ်လိုက်ခြင်း
20 Dec 2017

လျှပ်စစ်ဓာတ်လိုက်ပါက....

*လျှပ်စစ်မီးခလုတ်ပိတ်ပါ။ပလပ်ပေါက်ဖြုတ်ပါ။ဓာတ်ကြိုးဖြုတ်ပါ။ 

*လျှပ်မကူးနိုင်သည့်ဖိနပ်စီးပြီးလူနာ၏ ခန္ဓာကိုယ်ပေါ်မှလျှပ်စစ်ကြိုးများအား လျှပ်စစ်မကူးနိုင်သည့် သစ်သားချောင်း၊ ပလတ်စတစ်ချောင်းကိုသုံးပြီး ဖယ်ရှားပေးပါ။ 

၁။လူနာအသက်ရှုသေးပါက စိတ်ချရအောင်ဘေးစောင်းအနေအထားဖြင့် ထားပေးရပါမည်။ 

၂။အကယ်၍အသက်မရှု နှလုံးမခုန်တော့ပါကအသက်ရှုအားကူနည်းနှင့် နှလုံးနှိုးဆွနည်းဖြင့် ပြုစုပေးပါ။ 

၃။ဆေးရုံဆေးပေးခန်းသို့အမြန်ဆုံးပို့ဆောင်ပေးပါ။ 



လူနာသတိရှိအသက်ရှုနိုင်သောအခြေအနေ 

၁။လူနာအားဘေးကင်းရာသို့ရွှေ့ပြောင်းပေးပါ။ 

၂။ဓာတ်လိုက်ခြင်းကြောင့်အပူလောင်သောနေရာအားရေဖြင့်လောင်းပေးပါ။ 

၃။ဒဏ်ရာပေါ်သို့သန့်ရှင်းသောအဝတ်စဖြင့်ခပ်ဖွဖွစည်းပေးပါ။


◄ ယခင်ရုပ်သံ နောက်ထပ်ရုပ်သံ►

Some text some message..