သတင်းအချက်အလက် နှင့် ဖျော်ဖြေရေးများ


Q.   ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားအသစ်များကို ရယူရန် အရေအတွက် ကန့်သတ်ချက်များ ရှိပါသလား။

A.   မရှိပါ။ သုံ:စွဲသူများအနေနှင့် မိမိကြိုက်နှစ်သက်သလောက် ထပ်ဆောင်းဝန်ဆောင်မှုအမျိုးမျိုးကို ရယူနိုင်ပါသည်။


Q.   ထပ်ဆောင်းဝန်ဆောင်မှုများရယူရန် ဝန်ဆောင်မှုပေးသော ကုမ္ပဏီတိုင်းမှ ရယူနိုင်ပါသလား (သို့) ကုမ္ပဏီတစ်ခုထဲဆီမှ ရယူရမလား။

A.   ယခုမိတ်ဆက်သော ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများကို MPTနှင့်ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးသော ကုမ္ပဏီ တိုင်းမှ ရယူနိုင်ပါတယ်။ MPT ၏ ဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မိမိနှစ်သက်သော ဝန်ဆောင်မှုအမျိုးအစားများကို MPTနှင့်ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးသော ကုမ္ပဏီတိုင်းမှ ရယူနိုင်ပါတယ်။


Q.   ထပ်ဆောင်းဝန်ဆောင်မှုအမျိုးအစားများက ကြိုတင်ငွေဖြည့်မှုအသုံးပြုသော Prepaid အသုံးပြူသူများအတွက်သာ ဟုတ်ပါသလား။

A.   ထပ်ဆောင်းဝန်ဆောင်မှုကို Prepaid နှင့် Postpaid သုံးစွဲသူ နှစ်ရပ်လုံး အသုံးပြုနိုင်ပါတယ်။


Q.   ဝန်ဆောင်မှုအသုံးပြုသူတွင် ဖုန်းဘေလ်လက်ကျန်လုံလောက်မှုမရှိပါက မည်သို့ဖြစ်မည်နည်း။

A.   ဝန်ဆောင်မှုအသုံးပြုသူသည် ဝန်ဆောင်မှုရယူထားမြဲဖြစ်ပြီး ဝန်ဆောင်မှုလမ်းညွှန်ချက် sms အားဖုန်းဘေလ်လုံလောက်စွာ ဖြည့်သွင်းပြီးပါက ရရှိမည်ဖြစ်ပါသည်။


Q.   ဝန်ဆောင်မှုကိုရယူပြီးနောက် ဝန်ဆောင်မှု၏ အကြောင်းအရာမရောက်ရှိလာပါက မည်ကဲ့သို့သောအကြောင်းအရာ ကြောင့်ဖြစ်မည်နည်း။

A. (၁)   သင်၏ဖုန်းလိုင်းမမိသည့်အခါမျိုးတွင်လည်းဖြစ်နိုင်ပါသည်။

 (၂)   သင်၏ဖုန်းဘေလ်ကုန်နေသည့်အခါမျိုးတွင်လည်းဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်သည့်အခါတွင် ဝန်ဆောင်မှုရရှိမည်မဟုတ်ပါ။ ဖုန်းဘေလ်ပြန်လည်ဖြည့်ပြီးသည့်အခါမှ ဝန်ဆောင်မှုအားရရှိမည်ဖြစ်ပါသည်။

 (၃)   သင်၏ဖုန်း SMS inbox ပြည့်နေသောကြောင့်ဖြစ်နိုင်ပါသည်။ SMS inbox အားရှင်းလင်းလိုက်ပါက အဆင်ပြေသွားနိုင် ပါသည်။


Q.   သုံးစွဲသူမှ အခက်အခဲတစ်စုံတစ်ရာရှိလာပါက ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်အားဖော်ပြပါ။

A.   သုံးစွဲသူမှ အခက်အခဲတစ်စုံတစ်ရာရှိလာပါက MPT call center (106) သို့ ဆက်သွယ်နိုင်ပါသည်။


Q.   စာလုံးပေါင်းမှားပို့မိရင် ကျသင့်ငွေဖြတ်မှာလား?

A.   စာလုံးပေါင်းမှားပို့ခြင်းအတွက် ကျသင့်ငွေမဖြတ်ပါ။


Q.   ဝန်ဆောင်မှုကိုပယ်ဖျက်ရင် ဘယ်လောက်ကျသင့်မှာလဲ?

A.   အဲဒီ ဝန်ဆောင်မှု ပယ်ဖျက်ခြင်းအတွက် မည်သည့်ကျသင့်ငွေမှ မပေးရပါ။



Some text some message..