မြန်မာနိုုင်ငံဘောလုံုးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီမှ ကြီးမှူး ကျင်းပလျှက် ရှိသည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲအား ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ တိုက်ရိုုက်ကြည့်ရှုအားပေးနိုင်စေရန်အတွက် နိုင်ငံတကာအားကစားနှင့် မီဒီယာ လုပ်ငန်းစု ASER ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် MY SPORTS နှင့် မြန်မာနေရှင်နယ်လိဂ်တို့၏ ကိုးနှစ်တာ ပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်ဘက်သဘောတူ စာချုပ်ကိုု ယနေ့နံနက်ပိုင်းက ချုပ်ဆိုနိုုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ နှစ်ဘက် သဘောတူ စာချုပ်အား မြန်မာနေရှင်နယ်လိဂ်ဘက်မှ လိဂ်ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုုင်းဆမ်ထွန်းနှင့် MY SPORTS မှ Global Managing Director ဖြစ်သူ မစ္စတာ ဒန်နီမန်ကန်တို့မှ လက်မှတ်ရေးထိုုး ချုပ်ဆိုုခဲ့ခြင်း ဖြစ်သည်။ MY SPORTSအနေဖြင့်အဆိုုပါ သဘောတူ စာချုပ်အရ ၂၀၁၉ ခုုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများကိုအွန်လိုုင်းမှ တဆင့် ကမ္ဘာတစ်ဝှမ်းသို့အဆင့်မီ ရိုက်ကူးထုတ်လွှင့် သွားမည့်အပြင် မြန်မာနေရှင်နယ်လိဂ် ပိုမိုအောင်မြင် လာရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ MY SPORTSအနေဖြင့် ၂၀၁၉ ဘောလုံးရာသီမှ စတင်ကာ လိဂ်-၁ ပြိုင်ပွဲများနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ပြိုင်ပွဲများကိုအဓိက ပြသသွားမည် ဖြစ်ပြီးအခြား ပြိုင်ပွဲများကိုလည်းအလျဉ်းသင့်သလိုု ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
MY SPORTS သည် နိုင်ငံတကာ မီဒီယာ ကုမ္ပဏီကြီး ဖြစ်သည့် ASER ၏ လက်အောက်မှ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး ASERအနေဖြင့် ပရီးမီယားလိဂ်၊ လာလီဂါနှင့် စီးရီးအေအစရှိသည့် ကမ္ဘာကျော် ဘောလုံးပြိုင်ပွဲများနှင့် တရုတ်စူပါလိဂ်အစရှိသည့် ပြိုင်ပွဲကြီးများကို ထုတ်လွှင့်ခွင့် ရရှိထားသည်။
လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်နှင့် MY SPORTS တို့ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆို ပြီးစီးသွားပြီ ဖြစ်ရာအဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို လာမည့်အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
About MY SPORTS:
MY SPORTS is a new sports service in Myanmar dedicated to delivering world-class international and domestic sports and lifestyle entertainment including all matches from the MNL season and the General Aung San Shield, The action will be delivered EXCLUSIVELY LIVE on MY SPORTS linear channel, online streaming service and social media platforms from 2019.
Like us on Facebook: : https://m.facebook.com/MYSPORTSMYA/