Match Of This Week
MPTU-14FootballTournament2018(TaungGyi)ဇုန်ပွဲဦးထွက်တွင်ဟိုပုံးအသင်းနှင့်ပင်လောင်းအသင်းတို့နိုင်ပွဲကိုယ်စီရ

နေ့ရက် : Aug 27, 2019
image

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ဖြစ်သည့် MPT တို့ ပူးပေါင်းကျင်းပသည့်အသက် ၁၄ နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) (TaungGyi) ဇုန် ဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာ ၂၆ ရက်(ယနေ့) နံနက်က တောင်ကြီးကွင်းတွင် စတင်ကျင်းပခဲ့ပြီး ပွဲဦးထွက်တွင် ဟိုပုံးအသင်း၊ ပင်လောင်းအသင်းတို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြသည်။

ယနေ့ နံနက် ၈း၀၀ နာရီက ကစားခဲ့သည့် ပင်းတယအသင်းနှင့် ဟိုပုံးအသင်းတို့ပွဲစဉ်တွင် ဟိုပုံးအသင်းက ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နံနက် ၉း၃၀ က ကစားခဲ့သည့် လင်းခေးအသင်းနှင့် ပင်လောင်း အသင်းတို့ပွဲစဉ်တွင် ပင်လောင်းအသင်းက ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။

ဒုတိယနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၇ ရက်(မနက်ဖြန်) နံနက်၊ တောင်ကြီးကွင်း၌ပင် ဆက်လက် ကစား မည်ဖြစ်ပြီး နံနက် ၈း၀၀ နာရီတွင် ညောင်ရွှေအသင်းနှင့် နမ့်စန်အသင်း၊ နံနက် ၉း၃၀ တွင် ဆီဆိုင်အသင်းနှင့် တောင်ကြီးအသင်းတို့ ဆက်လက်ကစားကြမည်ဖြစ်သည်။


Some text some message..