Match Of This Week
အခြေခံဘောလုံးပညာရပ်များသင်ကြားမှုအစီအစဉ်မုံရွာမြို့တွင်ပြုလုပ်

နေ့ရက် : Aug 27, 2019
image

အခြေခံဘောလုံး ပညာရပ်များ သရုပ်ပြ သင်ကြားမှု၏ (၆) ခုမြောက် အစီအစဉ်အဖြစ် မုံရွာမြို့ရှိအ.ထ.က(၂)နှင့်အ.ထ.က(၄)တို့တွင် ပြုလုပ်ခဲ့ရာ အဆိုပါ ကျောင်းများမှ ကျောင်းသား/သူ ၂၀၀ ကျော် စိတ်ဝင်တစား တက်ရောက် သင်ကြားခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့်အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းဖန်တီးသည့် Football Basic Skill Educating Program ၏ တစ်စိတ်တစ်ဒေသအဖြစ် ပြုလုပ်သည့် ယင်းအစီအစဉ်ကို ယနေ့ ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စစ်ကိုင်းတိုင်းဒေသကြီး မန်နေဂျာ ဦးမောင်မောင်စိုးဝင်းနှင့် MPT မှ တာဝန်ရှိသူများ တက်ရောက်၍ သရုပ်ပြကစားနည်းအခွေများ၊အားကစားရန်ပုံငွေနှင့်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့ပြင် ယနေ့အစီအစဉ်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင်ဘောလုံးသမားဟောင်းများနှင့် နည်းပြဆရာများမှ လက်တွေ့သရုပ်ပြသင်ကြားပေးမှုအပြင် လူငယ်နှင့်အားကစား စသည့်အကြောင်းအရာများကို ဟောပြောပေးခဲ့သည်။

ကလေးငယ်များ ဘောလုံးအားကစားကို ပိုမိုစိတ်ဝင်စားလာစေရေး၊အခြေခံ ဘောလုံးပညာ လေ့ကျင့်ခန်းများကိုအလွယ်တကူ ရယူနိုင်ပြီး လေ့ကျင့်မှု ပြုလုပ်နိုင်ရေး၊ အခြေခံ ကျွမ်းကျင်နိုင်နင်းသည့် ကစားသမားများ ပေါ်ထွက်လာကာ မြန်မာ့လက်ရွေးစင်အသင်းကိုအထောက်အကူ ပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် Football Basic Skill Educating Program ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့်အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်သည်။

ယခုအစီအစဉ်တွင် ဒီဗီဒီအချပ်ရေ ၁၅၀၀၀ ဖန်တီးထားပြီး မြို့နယ် ဘောလုံးအဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ အောက်ခြေအဆင့်များအထိရောက်ရှိအောင်  ဖြန့်ဝေသွားမည် ဖြစ်သည်။
ဆက်လက်၍ ယခုကဲ့သို့ သရုပ်ပြ သင်ကြားပေးမှုကို လာမည့် ဒီဇင်ဘာ ၁၁ ရက်တွင် မန္တလေးမြို့များတွင် ပြုလုပ်သွားမည် ဖြစ်သည်။

Football Basic Skill Educating Program ၏ သရုပ်ပြသ သင်ကြားမှုအစီအစဉ် ဆက်လက် ပြုလုပ်မည့် နေရာနှင့်အချိန် ဒီဇင်ဘာ  ၁၁ ရက်
အောင်မြသာဇံအ.ထ.က(၉) – နံနက် ၁၀း၀၀
ပြည်ကြီးတံခွန်အ.ထ.က(၂၇) – နေ့လည် ၁း၃၀


Some text some message..