Match Of This Week
ရာနှုန်းပြည့် နိုင်ပွဲဆက်ကာ အဆင့် ၁ သို့ တက်လှမ်းခဲ့သည့် Junior Lions အသင်း

နေ့ရက် : Mar 15, 2020
image

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၁၅ ရက်(ယနေ့) ညနေ လေးနာရီက ပဒုမ္မာကွင်းတွင် ယောမြေ အသင်းနှင့် Junior Lions အသင်းတို့ ကစားခဲ့ရာ Junior Lions အသင်းမှ

ဝ-၁၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

Junior Lions အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၀ မိနစ်၊ ၂၄ မိနစ်၊ ၄၁ မိနစ်၊ ၅၄ မိနစ်၊ ၆၃ မိနစ်များတွင် ညီညီမှ လည်းကောင်း၊ ပွဲချိန် ၁၃ မိနစ်တွင် ဝေယံစိုးမှ လည်းကောင်း၊ ပွဲချိန် ၁၇ မိနစ်၊ ၅၃ မိနစ်၊ ၆၀ မိနစ်များတွင် ဇော်ဝင်းသိန်းမှ လည်းကောင်း၊ ပွဲချိန် ၃၂ မိနစ်၊ ၆၈ မိနစ်များတွင် လမင်းထွေးမှလည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။

Junior Lions အသင်းသည် ယနေ့ပွဲစဉ်တွင် အနိုင်ရခဲ့သည့်အတွက် ခြောက်ပွဲ ကစားပြီး ချိန်တွင် ခြောက်ပွဲနိုင် ရမှတ် ၁၈ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

Junior Lions အသင်းသည် လာမည့် မတ် ၂၁ ရက်တွင် မြဝတီအသင်းနှင့် ပွဲကျန် တစ်ပွဲ ဆက်လက်ကစားရန် ကျန်ရှိနေ ပြီး အဆိုပါပွဲတွင် အနည်းဆုံး သရေတစ်မှတ်ရရှိခဲ့ပါက ရာသီဝက်ချန်ပီယံဖြစ်လာမည်ဖြစ်သည်။


Some text some message..