အသုံးပြုမှု စည်းကမ်းချက်များ

ဇန်နဝါရီလ ၉ ရက် ၂၀၁၇

၁။ သက်ဆိုင်ခြင်း
ဤအသုံးပြုမှု စည်းကမ်းချက်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ ဆောင်ရွက်ပေးသော လှူဒါန်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများ နှင့် သက်ဆိုင်ပါသည်။

၂။ လှူဒါန်းခြင်း
၂.၁။ သင်သည် ဤဝန်ဆောင်မှုမှတဆင့် သင်ရွေးချယ်လိုက်သည့် အလှူခံအဖွဲ့အစည်းထံသို့ သင်ကြိုက်နှစ်သက်ရာ ငွေပမာဏကို ရွေးချယ် လှူဒါန်းနိုင်ပါသည်။
၂.၂။ လှူဒါန်းနိုင်သည့် ငွေပမာဏမှာ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ သို့မဟုတ် ၁၀၀၀ ကျပ် စသည်ဖြင့် လှူဒါန်းနိုင်ပါသည်။
၂.၃။ သင်သည် ဤဝန်ဆောင်မှုမှတဆင့် လှူဒါန်းမှုကို ပြုလုပ်ရန် ရွေးချယ်ပါက MPT သည် ဤဝန်ဆောင်မှုမှတဆင့် အလှူငွေ ပမာဏ တစ်ခုခုကို ရွေးချယ်ရန် သင့်ထံမှ ခွင့်ပြုချက် ရယူမည်ဖြစ်ပါသည်။ သင်သည် ငွေပမာဏ တစ်ခုခုကို လှူဒါန်းရန် ခွင့်ပြုလိုက်သည်နှင့်တစ်ပြိုင်နက် သင်ခွင့်ပြု လိုက်သည့် ငွေပမာဏကို သင်၏ ဖုန်းလက်ကျန်ငွေပမာဏမှ ဖြတ်တောက် သွားမည်ဖြစ်ပါသည်။ MPT သည် ဤဝန်ဆောင်မှုမှတဆင့် သင် ရွေးချယ်လိုက်သည့် အလှူခံ အဖွဲ့အစည်းထံသို့ အခါအားလျော်စွာ လှူဒါန်းထားသော အလှူငွေ စုစုပေါင်းကို ထိုအဖွဲ့အစည်းထံသို့ ၁၀၀% လွှဲပြောင်းပေးမည်ဖြစ်ပါသည်။ ထိုသို့ လှူဒါန်းခြင်းကို သင်ခွင့်ပြု လိုက်သည် နှင့်တစ်ပြိုင်နက် ပြန်လည် ပယ်ဖျက်၍ မရတော့သည့်အပြင် အလှူငွေအား ပြန်လည်ပေးအပ်လိမ့်မည် မဟုတ်ပါ။
၂.၄။ သင့်တွင် လုံလောက်သော ဖုန်းလက်ကျန်ငွေပမာဏရှိပါက လှူဒါန်းရမည့်အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိဘဲ ဤဝန်ဆောင် မှု မှတဆင့် အလှူခံအဖွဲ့အစည်းအသီးသီးထံသို့ အကြိမ်ပေါင်းများစွာ လှူဒါန်းနိုင်ပါသည်။
၂.၅။ သင်၏ ဖုန်းလက်ကျန်ငွေပမာဏမှ လှူဒါန်းရန် သင်ခွင့်ပြု လိုက်သည့် ငွေပမာဏာကို ဖြတ်တောက်ခြင်းမှ အပ ဤဝန်ဆောင်မှုကို အသုံးပြုခ နှင့် data charges များသည် အသုံးပြုခ အခမဲ့ (free of charge) ဖြစ်ပါသဖြင့် MPT မှ ထို အခများအတွက် ကောက်ခံလိမ့်မည် မဟုတ်ပါ။
၂.၆။ သင်လှူဒါန်းသည့် ငွေပမာဏသည် သင်၏ဖုန်းငွေလက်ကျန် ပမာဏထက် ကျော်လွန်နေပါက ထိုသို့ ကျော်လွန်နေ၍ လှူဒါန်းရန် မလုံလောက်ကြောင်း အကြောင်းကြားစာကို ပေးပို့မည်ဖြစ်ပြီး သင်၏ လှူဒါန်းမှုသည် အလိုလျောက် ပျက်ပြယ်မည်ဖြစ်ပါသည်။
၂.၇။ သင်၏လှူဒါန်းမှုအတွက် အလှူခံအဖွဲ့အစည်းထံမှ အလှူငွေ လက်ခံရရှိကြောင်း ပြေစာတစ်ခုခု သော်လည်းကောင်း၊ အခြား စာရွက် စာတမ်း တစ်ခုခုသော်လည်းကောင်း MPT မှ ထုတ်ပေးလိမ့်မည် မဟုတ်ပါ။
၂.၈။ အလှူခံအဖွဲ့အစည်းမှ သင် လှူဒါန်းလိုက်သော အလှူငွေ များအား အသုံးပြုခြင်းနှင့် ပတ်သက်၍ MPT တွင် မည်သည့်တာဝန်မှ မရှိပါ။

၃. လှူဒါန်းခြင်းဝန်ဆောင်မှုကို အသုံးပြုခြင်း
၃.၁။ MPT မှ ခွင့်ပြုထားသည့် ရည်ရွယ်ချက်မှတပါး တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို သွေဖီ၍သော်လည်းကောင်း၊ အခြားရည်ရွယ်ချက်တခုခုဖြင့် သော်လည်း ကောင်း ဤလှူဒါန်းခြင်းဝန်ဆောင်မှုကို သင်မှ အသုံးပြုမည် မဟုတ်ကြောင်း သဘောတူညီပါသည်ဟု MPT က မှတ်ယူမည်ဖြစ်ပါသည်။
၃.၂။ MPT သည် သင့်အား အသိပေးခြင်းမရှိဘဲ ဤလှူဒါန်းခြင်း ဝန်ဆောင်မှုကို အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲခြင်း၊ အစားထိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ယာယီဖြတ်တောက်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းများ နှင့် အလှူခံအဖွဲ့အစည်းပြောင်းလဲခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိပြီး ထိုအကြောင်း များကြောင့် နစ်နာမှုများ သင့်တွင် ဖြစ်ပေါ်ခဲ့ပါက MPT တွင် တာဝန်မရှိပါ။
၃.၃။ ဤလှူဒါန်းခြင်းဝန်ဆောင်မှု၏ ရည်ရွယ်ချက်မှတပါး အခြား ရည်ရွယ်ချက်တစ်ခုခုအတွက် ဤဝန်ဆောင်မှုပါ အကြောင်းအရာများကို MPT ၏တရားဝင်စာဖြင့် ခွင့်ပြုချက်မရရှိဘဲ စီးပွားဖြစ် ကူးယူခြင်း၊ ပြန်လည်ပြင်ဆင်တည်းဖြတ်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ ပြန်လည် ရောင်းချခြင်း၊ အခြားသောနည်းလမ်းဖြင့် စီးပွားဖြစ် ဖော်ထုတ်ဖန်တီးခြင်း၊ နည်းပညာဆိုင်ရာ နှောင့်ယှက်ခြင်း၊ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် အသုံးပြုခြင်းများအား တားမြစ်ပါသည်။ အကယ်၍သင်သည် ဤအသုံးပြုမှု စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိပါက MPT မှ သင်၏ ဤဝန်ဆောင်မှု အသုံးပြုခွင့်အားချက်ချင်းရုပ်သိမ်းမည် ဖြစ်ပါသည်။
၃.၄။ ဤဝန်ဆောင်မှုအားအသုံးပြုသော သင်၏ ဖုန်း နှင့် အကောင့် တို့၏ လုံခြုံရေး နှင့် ယင်းတွင်ပါရှိသော လျှို့ဝှက်ထားရှိသော သတင်း အချက်အလက်များ၏ လုံခြုံရေးတို့အတွက် သင့်ထံတွင်သာ တာဝန်ရှိမည် ဖြစ်ပါသည်။ အကယ်၍ သင်သည် အရွယ်မရောက်သေးသူဖြစ်ပါက ဤဝန်ဆောင်မှုမှတဆင့် အလှူငွေများ လှူဒါန်းရန်အတွက် သင်၏မိဘ သို့မဟုတ် အုပ်ထိန်းသူထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်မည် ဖြစ်ပါသည်။ ထိုအကြောင်းများကြောင့်ဖြစ်ပေါ်လာနိုင်သော နစ်နာမှုများအတွက် MPT တွင် တာဝန်ရှိမည်မဟုတ်ပါ။

၄။ အသိဉာဏ်ပစ္စည်း
ဤဝန်ဆောင်မှုမှတဆင့် တွေ့ရှိနိုင်သော စာသား၊ ဂရပ်ဖစ်၊ အမှတ်တံဆိပ်၊ အမှတ်အသား၊ အိုင်ကွန်၊ ပုံ၊ အသံ၊ digital downloads ၊ data ၊ software အစရှိသော MPT မှ ပိုင်ဆိုင်သည့် အသိဉာဏပစ္စည်းများအား MPT ၏တရားဝင်စာဖြင့် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ သင်မှ အသုံးပြုခွင့်မရှိပါ။

၅. အာမခံမှုမရှိခြင်း
ဤဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ အကြောင်း အရာများ၊ ပစ္စည်းများ(software အပါအဝင်)နှင့် ဤဝန်ဆောင်မှုမှတဆင့် တွေ့ရှိနိုင်သော အခြားဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ MPT ၏ အခြားသော နည်းလမ်းဖြင့် စာဖြင့်ရေးသားသဘောညီချက်အရမှတပါး MPT မှ မည်သည့်တာဝန်ယူခြင်း၊ အာမခံခြင်းမှ ရှိမည်မဟုတ်ပါ။ ဤဝန်ဆောင်မှုကို သင်မှ သဘောတူ၍ အသုံးပြုခြင်းသည် သင်၏တာဝန်သာ ဖြစ်ကြောင်း ကို သင်မှ အတိအလင်း သဘောတူ ကြောင်း MPT မှသိရှိနားလည်ပါသည်။

၆. သတင်းအချက်အလက်များအသုံးပြုခြင်း
ဤလှူဒါန်းခြင်းဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းအရ သင်၏ သတင်းအချက်အလက်များကို MPTမှ စုဆောင်းအသုံးပြုခြင်းကို သင်က လက်ခံသဘောတူသည်ဟု MPT မှ မှတ်ယူမည်ဖြစ်ပါသည်။

၇. ဆုံးရှုံးနစ်နာမှုအတွက်တာဝန်ရှိမှု
၇.၁။ ဤအသုံးပြုမှုစည်းကမ်းချက်တစ်ရပ်ရပ်ကို သင်မှ ဖောက်ဖျက် ခြင်းကြောင့် MPT သို့ တစ်စုံတစ်ရာ ထိခိုက်နစ်နာခဲ့ပါက MPT သည် တရားဥပဒေနှင့် အညီ ရရှိနိုင်သော အခွင့်အရေးနှင့် ကုစားမှု တစ်စုံတစ်ရာကို သော်လည်းကောင်း၊ အားလုံးသော်လည်းကောင်း ကျင့်သုံး ပိုင်ခွင့် ရှိမည်ဖြစ်ပါသည်။
၇.၂။ MPT သည် ဤဝန်ဆောင်မှုမှတဆင့် အချက်အလက်များ လွှဲပြောင်းခြင်း၊ ရယူခြင်း ပြုရာတွင် ချွတ်ယွင်းခြင်း၊ နှောင့်နှေးခြင်း၊ ပြတ်တောက်ခြင်းကြောင့်လည်းကောင်း၊ ဝန်ဆောင်မှုစနစ် ချွတ်ယွင်းပျက်စီး မှုတစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ လှူဒါန်းခြင်း ဝန်ဆောင်မှု ရရှိနိုင်ရန် အသုံးပြုထားသော စက်ပစ္စည်းကိရိယာ သို့မဟုတ် စနစ် တစ်စုံတစ်ရာ ချွတ်ယွင်း ပျက်စီးမှုကြောင့်သော်လည်းကောင်း လွှဲပြောင်း လိုက်သော သတင်းအချက်အလက်များ ဆုံးရှုံးပျက်စီးခြင်း၊ သို့မဟုတ် စာချုပ်အရ သို့မဟုတ် တရားမနစ်နာမှုအရ ဖြစ်ပေါ်လာနိုင်သော တောင်းဆိုမှုများ၊ တရားစွဲဆိုမှုများ သို့မဟုတ် အခြားထူးခြားသော တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများ (ဝင်ငွေ သို့မဟုတ် အကျိုးအမြတ်ဆုံးရှုံးမှု အပါအဝင်) သို့မဟုတ် MPT မှ ထိန်းချုပ်၍မရနိုင်သောဖြစ်ရပ် တစ်စုံတစ်ရာဖြစ်ပွားခြင်းကြောင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးနစ်နာမှုများ နှင့် ဤအသုံးပြုမှုစည်းကမ်းချက်ပါ တာဝန်များကို ဆောင်ရွက်ရန် နှောင့်နှေး ကြန့်ကြာမှု၊ ချိုးဖောက်မှု သို့မဟုတ် ပျက်ကွက်မှု ကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာအတွက် MPT တွင် တာဝန်ရှိမည်မဟုတ်ပါ။

၈။ လျော်ဒဏ်ခံခြင်း
ဤဝန်ဆောင်မှုကို MPT မှခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အသုံးပြုခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု ဖြစ်စေခြင်း၊ သို့မဟုတ် ဤဝန်ဆောင်မှု ကို အသုံးပြုခြင်းမှ လူကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေခြင်း၊ သို့မဟုတ် MPTမှ ခွင့်မပြုသော ပြုပြင်ပြောင်းလဲခြင်းတစ်စုံတစ်ရာကို ဤဝန်ဆောင်မှုတွင် သင်မှအသုံးပြု ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခြင်း များတွင် အဆိုပါ ထိခိုက် ဆုံးရှုံးမှုများအတွက် သင်မှ MPT သို့ လျော်ကြေးငွေအပြည့်အဝပြန်လည်ပေးအပ်ရန်တာဝန်ရှိမည်ဖြစ်ပါသည်။

၉။ အထွေထွေ
၉.၁။ MPT သည် ဤအသုံးပြုမှုစည်းကမ်းချက်များကို တရားဥပဒေ နှင့်အညီ အချိန်မရွေး ပြင်ဆင်ပြောင်းလဲနိုင်သည်။
၉.၂။ ဤအသုံးပြုမှုစည်းကမ်းချက်များသည် ဆက်သွယ်ရေးဥပဒေ အပါအဝင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ ဥပဒေများအရ သာလျှင် အဓိပ္ပါယ်ဖွင့်ဆိုပြီး လွှမ်းမိုးသက်ဆိုင်စေရမည်။
၉.၃။ အခြားသောနည်းလမ်းဖြင့်ခွင့်ပြုထားခြင်း နှင့် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေတွင် ခွင့်ပြုထားသည်မှတပါး ဤအသုံးပြုမှု စည်းကမ်း ချက်များ နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသော အငြင်းပွားမှုတစ်စုံတစ်ရာကို နှစ်ဦးသဘောတူ အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းရမည်။ အကယ်၍ (၁၀) ရက် အတွင်း ထိုသို့ ဖြေရှင်း၍မရနိုင်ပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ ၂၀၁၆ ခုနှစ်၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေနှင့်အညီ ဖြေရှင်းရမည်။
၉.၄။ အကယ်၍ ဤအသုံးပြုမှုစည်းကမ်းချက်တစ်ရပ်ရပ်သည် တရား မဝင်ခြင်း၊ ဥပဒေနှင့်မညီခြင်း၊ အာဏာသက်ရောက်မှုမရှိခြင်းများ ဖြစ်ခဲ့ပါက မူလရည်ရွယ်ချက်နှင့် အနီးစပ်ဆုံး တူညီနိုင်သမျှတူညီစေရန်ပြုလုပ် အတည်ဖြစ်စေရမည်ဖြစ်ပြီး အခြားကျန်ရှိသော စည်းကမ်းချက်များအပေါ် ထိခိုက်စေခြင်းမရှိစေရ။
၉.၅။ အသိဉာဏပစ္စည်းဆိုင်ရာပိုင်ဆိုင်မှုဖော်ပြချက်၊ အာမခံခြင်းမရှိ ကြောင်းဖော်ပြချက်၊ လျော်ကြေးနှင့် တာဝန်ကန့်သတ်မှုဖော်ပြချက် များ အပါအဝင် ဤဝန်ဆောင်မှုသဘောသဘာဝအရ ဝန်ဆောင်မှုပြီးဆုံး သွား သည့်တိုင်အောင် ဆက်လက်အတည်ဖြစ်စေသင့်သော ဤအသုံးပြုမှု စည်းကမ်းချက်မှ ဖော်ပြချက်များအားလုံး ဆက်လက် အတည်ဖြစ်စေရမည်။
၉.၆။ အသေးစိတ်သိရှိလိုပါက အမှတ် (၄၃)၊ ဗိုလ်အောင်ကျော်လမ်း (အောက်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ MPT ရုံးသို့ မေးမြန်း နိုင်ပါသည်။
၉.၇။ အကယ်၍ ဤအသုံးပြုမှုစည်းကမ်းချက်တစ်ရပ်ရပ်နှင့် MPT၏ အထွေထွေစည်းကမ်းချက် တစ်ရပ်ရပ်တို့ ဆန့်ကျင်ကွဲလွဲမှုဖြစ်ပေါ်ပါက MPT၏ အထွေထွေစည်းကမ်းချက်များက လွှမ်းမိုးစေရမည်။

Some text some message..