"စေတနာကမ်းလက်များ အစီအစဉ်"

လိုတရဝက်ဘ်ဆိုက်ရဲ့ "စေတနာကမ်းလက်များ" အစီအစဉ်မှကြိုဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လိုအပ်ချက်များရှိနေသည့် ကဏ္ဍများကိုဆောင်ရွက်နေသည့် လူမှုအကျိုးပြု လူမှုရေးအဖွဲ့အစည်းများသို့ MPT ဆင်းမ်ကတ်သုံးစွဲသူများမှ တိုက်ရိုက် လှူဒါန်းနိုင်ရန် ပေါင်းကူးပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိပြည်သူများအနေဖြင့် စေတနာသဒ္ဒါတရား ထက်သန်သည့် အားလျော်စွာ မိမိတို့၏ နေ့စဉ်ဘဝတွင် "ကောင်းမှုတစ်ခု နေ့စဉ်ပြု" ဆိုသည့် ဆိုရိုးစကားနှင့်အညီ ကုသိုလ် စေတနာစိတ်များကို ဖြည့်ဆည်းပေးနိုင်ရန် MPT မှ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး အဖြစ် အွန်လိုင်းအလှူ (Online Donation Platform)ကို ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။

"စေတနာကမ်းလက်များ" အစီအစဉ်မှတစ်ဆင့် လှူဒါန်းမှုအတွက် အပိုဝန်ဆောင်ခ ထပ်မံပေးဆောင်ရန်မလိုဘဲ MPT ဆင်းမ်ကတ်လက်ကျန်ငွေမှ လူမှုရေးအဖွဲ့များသို့ အပြည့်အဝ လှူဒါန်းနိုင်မည် ဖြစ်ပါသည်။

  • ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း

    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း

    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း

    လှူဒါန်းရန်

    ကျောင်းတွင်းနေကလေးများ(၁၃၀၀)ခန့်ကိုကျောင်းထိုင်ဆရာတော်ကြီးမှကျွေးမွေးစောင့်ရှောက်ထားသည်။လမ်းပေါ်မှလေလွင့်ကလေးငယ်(၈၀)ဦးခန့်၊တောင်ပေါ်ဒေသမှမိန်းကလေးငယ်(ချင်း၊ကရင်၊ရှမ်း၊ဝ၊အခါ၊…)(၂၃၀)ဦးခန့်၊ရဟန်းသာမဏေ(၇၀၀)ပါးခန့်၊နာဂစ်မုန်တိုင်းဒဏ်သင့်ကလေးငယ်(၉၀)ဦးခန့်နှင့်ဆင်းရဲနွမ်းပါးသောမိသားစုများမှအမျိုးသမီးငယ်(၂၀၀)ဦးခန့်တို့ဖြစ်သည်။ဖောင်တော်ဦးကျောင်းမှအနာဂါတ်အတွက်ဦးဆောင်မှုပေးနိုင်မည့်လူငယ်များအတွက်ပညာအဟာရတိုက်ကျွေးရာတွင်ရေရှည်ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက်နေ့စဉ်စားသုံးစရိတ်များလိုအပ်လျက်ရှိပါသည်။ကျောင်းတွင်းနေကလေးမျာ၏နေ့စဉ်စားသုံးစရိတ်မှာလစဉ်ခန့်မှန်းပမာဏသိန်းသုံးရာကိုးသိန်းဖြစ်ပါသည်။

  • နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန

    နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာန

    နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဌာန

    လှူဒါန်းရန်

    ကျောက်ကပ်သွေးသန့်စင်ပေးခြင်း

  • သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း(သန်လျင်)

    သဘာဝတရားရိပ်သာ(သန်လျင်)မှတ်ပုံတင်အမှတ်-၁/ပြည်တွင်း/၀၂၅၅

    17-Jul-2017 ~ 18-Jul-2027

    သဘာဝတရားရိပ်သာအထွေထွေလုပ်ငန်း(သန်လျင်)

    လှူဒါန်းရန်

    (၂၇-၀၇-၂၀၀၇)နေ့မှစတင်၍အမှတ်(၄၅)၊(၄၅)လမ်း၊ဗိုလ်တထောင်မြို့နယ်တွင်ဖွင့်လှစ်ထားသော၄၅လမ်းသဘာဝတရားရိပ်သာ၏အထပ်၄-ထပ်တွင်အမြဲနေထိုင်တရားကျင့်ကြံပွါးများနေသောယောဂီအယောက်၁၀၀ကျော်ရှိပါသည်။

  • ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း

    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊မှတ်ပုံတင်အမှတ်(၂၂၁၃)

    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း

    လှူဒါန်းရန်

    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏(၄၃)ကြိမ်မြောက်ဆေးကုသမှုအလှူတော်ကိုမကွေးတိုင်းဒေသကြီးမြိုင်မြို့ကိုအခြေပြု၍၂၀၁၉ခုနှစ်၊ဇူလိုင်လတွင်ကုသပေးရန်စီစဉ်ထားပါသည်။မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း၊အထွေထွေသားဖွားမီးယပ်၊အရိုးအကြော၊ကလေးသွားနှင့်ခံတွင်း၊အရေပြား၊အထွေထွေခွဲစိတ်မှုများကုသပေးမည်ဖြစ်ပါသည်။အလှူအတွက်ကုန်ကျငွေကျပ်သိန်း(၆၀၀)ကျော်မည်ဟုခန့်မှန်းထားရှိပါသည်။

  • မသန်စွမ်းသူများဘဝဖွံဖြိုးတိုးတက်ရေးအစီအစဉ်

    ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)

    မသန်စွမ်းသူများဘဝဖွံဖြိုးတိုးတက်ရေးအစီအစဉ်

    လှူဒါန်းရန်

    မသန်စွမ်းသူများသည်လက်ရှိအခြေအနေတွင်မသန်စွမ်းသူများစာပေဗဟုသုတနည်းပါးခြင်း၊မသန်စွမ်းသူများလူမှုပတ်ဝန်းကျင်သို့သွားလာရာတွင်အကူကိရိယာရှားပါးခြင်း၊မသန်စွမ်းသူများအတွက်စာပေဆိုင်ရာအခွင့်အလမ်းများလက်လှမ်းမမီခြင်း၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ကြိုးပမ်းခဲ့ကြသည့်နိုင်ငံခေါင်းဆောင်များ၏စွမ်းရည်သတ္တိနှင့်အစဉ်အလာများကိုသိရှိနားလည်မှုအားနည်းခြင်း၊မိမိပတ်ဝန်းကျင်ရှိတိုးတက်ဖြစ်ပေါ်နေသောဖြစ်စဉ်များ၊ရင်ဆိုင်နေရသောအခက်အခဲများကိုသေချာစွာနားလည်ပြီးလူ့အဖွဲ့အစည်းအတွင်းအပြည့်အဝပူးပေါင်းပါဝင်မှုအားနည်းခြင်းတို့စသောအခက်အခဲများကိုတွေ့ကြုံခံစားနေရပါသည်။မသန်စွမ်းသူများအလုပ်အကိုင်အခွင့်အလမ်းများနှင့်ချိတ်ဆက်မှုအတွက်ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများတွင်ခွဲခြားမှုများမကြုံတွေ့စေရန်အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊မသန်စွမ်းနှင့်ပတ်သက်သည့်အထိမ်းအမှတ်ပြပွဲ၊ပြိုင်ပွဲများပြုလုပ်ခြင်းစသည့်လူ့အဖွဲ့အစည်းအတွင်းမသန်စွမ်းသူများ၏ဘဝကိုသိရှိနားလည်လာပြီးအများပြည်သူမှပူးပေါင်းပါဝင်လာစေရန်မသန်စွမ်းသူများ၏ဘဝဖွံံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုှများကိုရွှေမင်းသားဖောင်ဒေးရှင်းမှအရှိန်အဟုန်မြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

  • ပညာရေးနှင့်လူမှုရေးအထောက်အပံ့ပေးသည့်စီမံချက်

    ပြည်ကြီးခင်လူမှုရေးအသင်း

    ပညာရေးနှင့်လူမှုရေးအထောက်အပံ့ပေးသည့်စီမံချက်

    လှူဒါန်းရန်

    HIVနှင့်MDR-TBပိုးရှိနေသောလူနာများ၏သားသမီးများအတွက်နှစ်စဉ်ပညာရေးထောက်ပံ့စရိတ်ကိုပေးနေပါသည်။ဝန်ထမ်းများ၏လစာငွေမှထည့်ဝင်ငွေ၁%ကိုလည်းလှူဒါန်းပေးအပ်ခြင်းဖြစ်သည်။ယခုလည်းပညာသင်ထောက်ပံ့ကြေးအတွက်စီမံချက်ကိုစတင်လိုက်ခြင်းဖြစ်ပါသည်။

  • ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ

    ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ

    ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ

    လှူဒါန်းရန်

    ၂၀၁၀ခုနှစ်ဧပြီလ(၅)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့သည်။အဘိုးအဘွား(၁၀၇)ဦးအတွက်တစ်နေ့တာဆေးကုသစရိတ်နှင့်အာဟာရကျွေးမွေးရန်ကျပ်(၂)သိန်းခန့်ကုန်ကျ၍ဆရာဝန်များ၊သူနာပြုဆရာမများနှင့်ဝန်ထမ်းစုစုပေါင်း(၈၇)ဦးအတွက်လစဉ်သိန်းနှစ်ရာ့ငါးဆယ်ခန့်သုံးစွဲရန်လိုအပ်နေပါသည်။

  • အားလုံးပါဝင်သောလူထုအခြေပြုသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်ရာသီဥတုပြောင်းလဲခြင်းအားလိုက်လျောညီထွေနေထိုင်နိုင်ရေးစီမံချက်

    လမ်းသစ်ဖောင်ဒေးရှင်း

    အားလုံးပါဝင်သောလူထုအခြေပြုသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်ရာသီဥတုပြောင်းလဲခြင်းအားလိုက်လျောညီထွေနေထိုင်နိုင်ရေးစီမံချက်

    လှူဒါန်းရန်

    လမ်းသစ်ဖောင်ဒေးရှင်းမှလုပ်ငန်းဆောင်ရွက်ရာတွင်ကျေးလက်လူထုထံအရောက်သွား၍ဆောင်ရွက်ပါသည်။မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများဤစီမံချက်နှင့်ပတ်သက်ဆက်နွယ်သူများအားဦးစွာအသိပေးဆွေးနွေးရပါသည်။စီမံချက်အပေါ်နားလည်မှုရှိရန်စီမံချက်ရှိသောကျေးရွာများရှိလူအများအားအသိပညာပေးရှင်းလင်းပြရသည်။စီမံချက်အစပိုင်းတွင်လူထုအားအသိပညာပေးမည့်ဝန်ထမ်းများအားသင်တန်းများဦးစွာပေးရပါသည်။သင်တန်းအမျိုးအစားများမှာသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်ရာသီဥတုပြောင်းလဲခြင်းအပေါ်တုန့်ပြန်မှုသင်တန်းများဖြစ်သည်။ထိုသို့လုပ်ဆောင်ရာတွင်ထိခိုက်ခံစားရသူများစီစစ်အကဲဖြတ်ခြင်းနည်းစနစ်ကိုအသုံးပြု၍ဆောင်ရွက်မည်။စီမံချက်ထဲတွင်ကျေးရွာဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့်အထောက်အကူပြုလုပ်ငန်းကော်မတီများကိုလူထုမှကိုယ်တိုင်ရွေးချယ်ဖွဲ့စည်းပြီးယင်းအဖွဲ့များအားလိုအပ်သောသင်တန်းများပေးရပါမည်။ထိုသင်တန်းများတွင်သဘာ၀ဘေးအန္တရာယ်လျှော့ချရေးနှင့်ရာသီဥတုပြောင်းလဲခြင်းအပေါ်တုန့်ပြန်နိုင်ခြင်းစွမ်းရည်များမြင့်မားလာစေရေးအတွက်ထည့်သွင်းသင်ကြားပေးပါမည်။လမ်းသစ်ဖောင်ဒေးရှင်းအနေဖြင့်ကျေးရွာလူထုမှကိုယ်တိုင်ရှေ့လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ရေးကိုပံ့ပိုးကူညီသွားမည်ဖြစ်သည်။

  • အိမ်ယာမြေပံ့ပိုးပေးခြင်း

    လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း

    အိမ်ယာမြေပံ့ပိုးပေးခြင်း

    လှူဒါန်းရန်

    ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်ကဿဝင်ကျေးရွာအုပ်စုရွှေဖလားကျွန်းကျေးရွာသည်ဧရာဝတီမြစ်ကမ်းပါးတွင်တည်ရှိပြီးမြစ်ကမ်းပါးပြိုခြင်းကို(၆၅)အိမ်ထောင်စုထိခိုက်ခံစားခဲ့ရပါသဖြင့်မြေနေရာနှင့်နေအိမ်အသစ်များပံ့ပိုးပေးခြင်းစီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။

  • သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာစေရေး

    ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ

    သဘာဝဘေးအန္တရာယ်လျော့ပါးသက်သာစေရေး

    လှူဒါန်းရန်

    ဧရာဝတီတိုင်းဒေသကြီးရှိကျေးရွာများအခြအနေတိုးတက်ကောင်းမွန်လျက်ရှိပါသည်။နောင်တွင်ရေကြီးမှုအတွက်စောစွာအန္တရာယ်အချက်ပေးစနစ်၊အန္တရာယ်လေ့ကျင့်ခန်း၊ပူပေါင်းဆောင်ရွက်ရေးယန္တရား၊အဆင့်မြင့်ရေဖြန့်စနစ်များ၊မြစ်ကမ်းပါးကာကွယ်ရေးစသည်တို့ဖြစ်ပါသည်။

  • ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း

    စာမေးပွဲဦးတည်ပညာရေးမှသည်လက်တွေ့အသုံးချနိုင်သောပညာရေးကိုလူတိုင်းအခမဲ့ရရှိနိုင်ရေး

    ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း

    လှူဒါန်းရန်

    ၁၉၉၃တွင်ဆရာတော်ဦးနာယကနှင့်ဦးဇောတိကတို့မှဦးဆောင်တည်ထောင်ခဲ့ပြီး၂၀၀၀ခုနှစ်တွင်တွဲဖက်အထက်တန်းကျောင်းအဖြစ်ရပ်တည်လာနိုင်ခဲ့သည်။ယခုလက်ရှိအချိန်တွင်သာမဏေအပါး(၇၀၀)ကျော်နှင့်လမ်းပေါ်ကလေး၊သဘာဝဘေးဒဏ်သင့်ကလေး၊ဆင်းရဲနွမ်းပါးသောကလေးနှင့်တောင်ပေါ်ဒေသမှရောက်လာသောကလေးစုစုပေါင်း၁၃၀၀ခန့်ရှိပါသည်။အကြောင်းမျိုးမျိုးကြောင့်စိတ်ဒဏ်ရာရရှိထားသောကလေးငယ်များစိတ်ငြိမ်းချမ်းစွာဖြင့်ပညာသင်ယူနိုင်ရန်ဖောင်တော်ဦးကျောင်းမှတာဝန်ယူစောင့်ရှောက်ပေးလျက်ရှိပါသည်။

  • နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာန

    လူမျိူးဘာသာဆင်းရဲချမ်းသာမရွေးဖြစ်ပေါ်လာသောလူမှုအခက်ခဲများအားအသင်း၏စည်မျဉ်းစည်းကမ်းနှင့်အညီကူညီဖြေရှင်းဆောင်ရွက်ရန်

    www.ffssyangon.org

    နာရေးကူညီမှုအသင်း(ရန်ကုန်)သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာန

    လှူဒါန်းရန်

    နာရေးကူညီမှုအသင်း(ရန်ကုန်)အား၂၀၀၁ခုနှစ်ဇန်နဝါလတွင်စတင်ထူထောင်ခဲ့သည်။၂၀၀၇သုခကုသိုလ်ဖြစ်ဆေးခန်း၊၂၀၁၁သုခအလင်းပညာဒါန၊၂၀၁၂အရေးပေါ်၂၄နာရီAmbulanceနှင့်မီးဘေးဝန်ဆောင်မှု၊၂၀၁၃သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၂၀၁၆သုခကျောက်ကပ်သွေးသန့်စင်ဋ္ဌာနတို့အားတိုးချဲ့ကူညီခဲ့ပါသည်။

  • သဘာဝတရားရိပ်သာ(သန်လျင်)မှတ်ပုံတင်အမှတ်-၁/ပြည်တွင်း/၀၂၅၅

    အမြဲတမ်းနှင့်ယာယီနေထိုင်တရားအားထုတ်နိုင်သောတရားရိပ်သာများမြန်မာပြည်တွင်းနှင့်ပြည်ပနိုင်ငံများတွင်တည်ထောင်ဖွင့်လှစ်ခြင်း။တရားသမားယောဂီများကိုသာမကတရားအားကိုးလိုသောသက်ကြီးရွယ်အိုများ၊လူမမာများ၊ခိုကိုးရာမဲ့များ၊မိဘမဲ့များ၊အထီးကျန်အဖေါ်မဲ့များ၊စိတ်ရောဂါသည်များ၊စသည့်ဒုက္ဒ္ခသည်အမျိုးမျိုးကိုပါယောဂီအဖြစ်ရိပ်သာတွင်လက်ခံစောင့်ရှောက်အမြဲနေထိုင်ခွင့်ပေးထားပြီးစားဝတ်နေရေး၊ကျန်းမာရေးတာဝန်ယူပေးခြင်း၊တရားနာတရားအားထုတ်ဖြစ်စေရန်ကူညီပေးခြင်း။

    www.thabarwa.org

    သဘာဝတရားရိပ်သာ(သန်လျင်)မှတ်ပုံတင်အမှတ်-၁/ပြည်တွင်း/၀၂၅၅

    လှူဒါန်းရန်

    သမထဝိပဿနာတရားဘာဝနာများကိုအဓိကထားကျင့်ကြံအားထုတ်နေသောနေရာစိတ်စင်ကြယ်အစွဲကင်းစေဖို့အဓိကထားပြီးတရားအားထုတ်သည့်နေရာ၊လေ့ကျင့်ပေးသောနေရာဖြစ်သည်။ဘကကျောင်းများ၊စာကြည့်တိုက်များ၊ဆေးခန်းများ၊ဘိုးဘွားရိပ်သာများ၊စေတနာရွာများ၊တည်ထောင်ဖွင့်လှစ်ကာလူမှုရေးပရဟိတလုပ်ငန်းများဆောင်ရွက်သည်။

  • ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊မှတ်ပုံတင်အမှတ်(၂၂၁၃)

    မြန်မာနိုင်ငံနယ်မြို့များနှင့်ကျေးလက်ဒေသများရောဂါဝေဒနာရှင်များကိုလူမျိုးဘာသာမရွေးအခမဲ့ဆေးဝါးကုသပေးရန်နှင့်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းမှပါဝင်ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်

    https://web.facebook.com/Shwe-Parami-Health-Care-Foundation-335984603164933/

    ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊မှတ်ပုံတင်အမှတ်(၂၂၁၃)

    လှူဒါန်းရန်

    နယ်လှည့်ဆေးကုသခြင်း၊မြို့များနှင့်ကျေးလက်ဒေသများမှရောဂါဝေဒနာရှင်များကိုမေတ္တာဖြင့်အခမဲ့ဆေးဝါးကုသပေးပါသည်။ရန်ကုန်မြို့တွင်ဆက်လက်ကုသရန်လိုအပ်သည့်ဝေဒနာရှင်များကိုလည်းအခမဲ့ကူညီဆောင်ရွက်ပါသည်။

  • ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)

    (က)မသန်စွမ်းသူများလူ့အသိုင်းအဝိုင်းအတွင်း၌တန်းတူညီတူအခွင့်အရေးအပြည့်အဝရရှိရန်။ (ခ)အများနည်းတူသာမာန်ကျောင်းများတွင်ပေါင်းစည်းပညာသင်ကြားခွင့်ရရှိရန်နှင့်စိတ်ဓါတ်ရေးရာမြှင့်တင်ရေးဆောင်ရွက်ရန်။ (ဂ)ဆေးဝါးကုသရာ၌လိုအပ်သောကူညီပံ့ပိုးမှုများအထောက်အကူပြုပစ္စည်းကိရိယာများကိုလွယ်လင့်တကူရရှိနိုင်ရေးအတွက်စီမံဆောင်ရွက်ရန်။ (ဃ)မသန်စွမ်းသူများနှင့်ပတ်သက်သောသတင်းအချက်အလက်များကိုမသန်စွမ်းသူများထံသို့အသိပညာပေးဖြန့်ဝေရန်နှင့်လူမှုအသိုင်းအဝိုင်းအတွင်းမသန်စွမ်းသူများနှင့်ပတ်သက်၍ပြည်သူလူထုအသိပညာပေးသည့်အစီအစဉ်များဆောင်ရွက်ရန်။

    www.smtgroupmm.org

    ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)

    လှူဒါန်းရန်

    မသန်စွမ်းသူများ၏ဘဝကိုအများနည်းတူခွဲခြားဆက်ဆံမှုကင်းပြီးဖွံ့ဖြိုးတိုးတက်သောပင်မလမ်းကြောင်းပေါ်သို့ရောက်ရှိလာစေရန် မသန်စွမ်းအမျိုးအစားနှင့်မသန်စွမ်းသူအရေအတွက်ကိုစာရင်းပြုစုပြီးလူမှုပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်များ၊ဆေးဝါးနှင့်လေ့ကျင့်ခန်းအကူအညီပေးခြင်းများ၊အရိုးအကြောကျွမ်းကျင်သူများ၊စေတနာ့ဝန်ထမ်းစိတ်ရှိသူများကိုလေ့ကျင့်ခန်းနည်းစနစ်များပြန်လည်ပို့ချပေးခြင်းများကိုလုပ်ဆောင်ပေးခြင်း စာသင်ကျောင်း၊လမ်း၊ဆေးပေးခန်းနှင့်အများနှင့်သက်ဆိုင်သောနေရာများကိုမသန်စွမ်းသူများပုံမှန်သွားလာနိုင်ရေးအတွက်ဖန်တီးလုပ်ဆောင်ပေးခြင်း စိတ်ပါဝင်စားသူပြည်တွင်း၊ပြည်ပအလှူရှင်များနှင့်ချိတ်ဆက်၍ပညာရေး၊ကျန်းမာရေးအပြင်အကူကိရိယာများတပ်ဆင်ပေးခြင်း၊Computerကျွမ်းကျင်သောမသန်စွမ်းသူများကိုလုပ်ငန်းခွင်သို့ပို့ဆောင်ပေးခြင်းများအပြင်မသန်စွမ်းမှုဆိုင်ရာသဘောတရားများနှင့်သမိုင်းကြောင်းများကိုအများပြည်သူလူထုသိရှိလာစေရန်လည်းဟောပြောပွဲများလည်းပြုလုပ်ပါသည်။

  • ပြည်ကြီးခင်လူမှုရေးအသင်း

    ၀န်ဆောင်မှုပေးခြင်း-HIVလူနာများအားကူညီထောက်ပံ့ခြင်း၊ပြုစုစောင့်ရှောက်ခြင်း၊ပညာပေးခြင်း၊နှစ်သိမ့်ဆွေးနွေးခြင်း၊MDR-TBလူနာများအားညနေခင်းဆေးတိုက်ခြင်း(EveningDOTS) ဆွေးနွေးစည်းရုံးလှုံ့ဆော်ခြင်း-လူ့အခွင့်ရေးအကြောင်း၊အမျိုးသမီးများအကြမ်းဖက်ခံရမှုမှကာကွယ်တားဆီးရေး၊သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့်လိုအပ်သောဥပဒေမူဝါဒများပြောင်းလဲရေးကိုတိုက်တွန်းအသိပေးဆွေးနွေးခြင်းနှင့်အရပ်ဘက်အဖွဲ့အစည်းများပါဝင်လုပ်ဆောင်နိုင်အောင်တိုက်တွန်းပြောဆိုခြင်း၊အရည်သွေးမြှင့်တင်ခြင်းများဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်ပါသည်။

    http://pgkmmyanmar.org

    ပြည်ကြီးခင်လူမှုရေးအသင်း

    လှူဒါန်းရန်

    အမျိုးသမီးများနှင့်ကလေးသူငယ်များကိုစောင့်ရှောက်သည့်လူမှုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ထို့ပြင်ကျန်းမာရေး၊ပညာရေး၊လူမှုရေးစီမံကိန်းလုပ်ငန်းတို့ကိုသက်ဆိုင်ရာကျန်းမာရေးဌာနဒေသအသီးသီးရှိအာဏာပိုင်များအဖွဲ့အစည်းများနှင့်ဆွေးနွေးတိုင်ပင်ပြီးလုပ်ငန်းများကိုအကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။ပြည်ကြီးခင်၏လုပ်ငန်းစဉ်များအားလုံးကိုတစ်နှစ်တစ်ကြိမ်လုပ်ငန်းသုံးသပ်ချက်များစနစ်တကျပြုလုပ်ခဲ့ပြီးလိုအပ်ချက်များကိုပြုပြင်၍အသင်း၏ရေရှည်တည်တံ့ခိုင်မြဲစေရန်ဆောင်ရွက်ပါသည်။

  • ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ

    လူမျိုးဘာသာမရွေးပြုစုကျွေးမွေးထောက်ပံ့မည့်သားသမီးဆွေမျိုးညီအကိုမောင်နှမမရှိသောကျန်းမာရေးချို့တဲ့နေသည့်ဘိုးဘွားများ၊သားသမီးဆွေမျိုးများရှိသော်လည်းပြုစုစောင့်ရှောက်နိုင်သည့်အခြေအနေတွင်မရှိသည့်ဘိုးဘွားများ၊ဆေးရုံများ၊ဘူတာရုံများ၊သင်္ချိုင်းများ၊အမှိုက်ပုံများတွင်လာရောက်စွန့်ပစ်ခြင်းကိုခံရသည့်ဂိလာနဘိုးဘွားများအားလက်ခံခေါ်ယူ၍၂၄နာရီဆရာဝန်များ၊သူနာပြုများCareGiverများဖြင့်အနီးကပ်ပြုစုစောင့်ရှောက်ကုသပေးခြင်း၊အာဟာရကျွေးမွေးခြင်း၊တကိုယ်ရေသန့်ရှင်းရေး၊ဘိုးဘွားတို့၏ကိုးကွယ်ရာဘာသာအလိုက်ကျင့်ကြံအားထုတ်နေထိုင်နိုင်ရေးတို့အတွက်ဆောင်ရွက်ပေးပါသည်။

    ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ

    လှူဒါန်းရန်

    လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်းအကူအညီကင်းမဲ့နေသောအကူအညီလိုအပ်နေသောခိုကိုးရာမဲ့ဂိလာနဘိုးဘွားများအတွက်မိသားစုပုံစံဖြင့်ကြင်နာယုယစွာပြုစုစောင့်ရှောက်ပေးနိုင်သည့်ရိပ်သာတစ်ခုပေါ်ပေါက်လာစေရန်ရည်ရွယ်ချက်ဖြင့်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

  • လမ်းသစ်ဖောင်ဒေးရှင်း

    ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်အသိပညာဗဟုသုတများမျှဝေပေးခြင်း၊အခြေခံအဆောက်အဦများဆောက်လုပ်ပေးခြင်းနှင့်ပညာရေးကျန်းမာရေးအသက်မွေးဝမ်းကြောင်းဆိုင်ရာများနှင့်သောက်သုံးရေရရှိရေး၊ပတ်ဝန်းကျင်သန့်ရှင်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်ကဏ္ဍအသီးသီးအားကူညီထောက်ပံ့ပေးခြင်းအားဖြင့်ကလေးသူငယ်များ၊အမျိုးသမီးများ၊သက်ကြီးရွယ်အိုများသည်အခြေခံဝန်ဆောင်မှုများရရှိစေရန်နှင့်သဘာဝဘေးအန္တရာယ်များကျရောက်လာပါကကိုင်တွယ်ဖြေရှင်းနိုင်ပြီးခံနိုင်ရည်စွမ်းအားများပိုမိုကောင်းမွန်တိုးတက်လာစေရန်

    www.lanthit.org

    လမ်းသစ်ဖောင်ဒေးရှင်း

    လှူဒါန်းရန်

    သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ခံစားခဲ့ရသည့်တိုင်းရင်းသားပြည်သူတို့အားကူညီထောက်ပံ့မှုများပေးရန်ရည်ရွယ်ချက်ဖြင့်စိတ်အားထက်သန်ပြီးသဘောတူညီကြသောလူပုဂ္ဂိုလ်များစုပေါင်း၍၂၀၁၀ခုနှစ်မေလ(၁)ရက်နေ့တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။လူသားချင်းစာနာထောက်ထားသောလုပ်ငန်းစဉ်များဖြစ်သောသဘာဝဘေးဒဏ်ခံအဆောက်အဦများ၊သဘာဝဘေးအန္တရာယ်အရေးပေါ်တုန့်ပြန်မှုဆိုင်ရာလုပ်ငန်းများ၊ကျေးလက်နေပြည်သူများ၏အသက်မွေးဝမ်းကြောင်းမြှင့်တင်ရေးလုပ်ငန်းများ၊သဘာဝဘေးအန္တရာယ်ထိခိုက်မှုလျှော့ချရေးလုပ်ငန်းစဉ်များ၊ရေကောင်းရေသန့်ရရှိရေးနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ၊ကျေးလက်ဒေသအခြေခံအဆောက်အဦများဆောက်လုပ်ခြင်းအစရှိသောကဏ္ဍအသီးသီးတွင်အသိပညာရှင်၊အတတ်ပညာရှင်များစွာဖြင့်စုစည်းဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

  • လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း

    သောက်သုံးရေရရှိသုံးစွဲရေးယင်လုံအိမ်သာဆောက်လုပ်သုံးစွဲရေးတစ်ကိုယ်ရေသန့်ရှင်းရေးနှင့်အစားအစာသန့်ရှင်းရေး မိခင်နှင့်ကလေးကျန်းမာရေးငှက်ဖျားရောဂါကာကွယ်ထိန်းချုပ်ရေးလယ်ယာစိုက်ပျိုးဖွံ့ဖြိုးတိုးတက်စေသောငွေစုငွေချေးထူထောင်ရေး ဦးဆောင်ဌာနဆိုင်ရာတို့၏စီမံချက်လုပ်ငန်းများအောင်မြင်ရေး

    www.cdamyanmar.org

    လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း

    လှူဒါန်းရန်

    ၁၉၉၈ခုနှစ်တွင်စတင်ဖွဲ့စည်းပြီး၂၀၀၅ခုနှစ်တွင်လုပ်ငန်းဆောင်ရွက်ချက်များအားချဲ့ထွင်ခဲ့ပါသည်။ကျေးလက်နေပြည်သူများဆင်းရဲနွမ်းပါးမှုလျှော့ချရေးသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊လူမှုအဆင့်အတန်းမြင့်မားရေးအထောက်အကူပြုလုပ်ငန်းများ၊ပိုမိုကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုအထောက်အကူပြုလုပ်ငန်းများကိုဆောင်ရွက်လျှက်ရှိပါသည်။

  • ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ

    ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်နှင့်လူထုအားဘေးအန္တရာယ်များမှနာလန်ထူလာအောင်ကူညီပေးရန်။

    http://peace-winds.org/en/

    ဂျပန်ငြိမ်းချမ်းရေးလေညှင်းလေးများ

    လှူဒါန်းရန်

    PWJအဖွဲ့အစည်းသည်ဘေးအန္တရာယ်ကျရောက်ခံစားရသူများအားပြန်လည်နာလန်ထူလာအောင်၊နောင်တွင်ဘေးအန္တရာယ်များကျရောက်လာပါကဒေသခံအဖွဲ့အစည်းများနှင့်လက်တွဲ၍ကြိုတင်ပြင်ဆင်သင့်သည်များပြင်ဆင်ထားနိုင်အောင်မျက်နှာမလိုက်ပဲအရေးပေါ်ကယ်ဆယ်ရေးအကူအညီများပေးလျက်ရှိပါသည်။


ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..